Friday, October 19, 2012

နောက်တစ်ကြိမ် အမှုအခင်းကြုံလျှင် အသင်းမှ ထုတ်ပယ်မည်ဟု တယ်ရီအား ချယ်လ်ဆီး သတိပေး

Ever November | 10/19/2012 02:33:00 PM | Best Blogger Tips
ချယ်လ်ဆီးမှ သတိပေးခံနေရသည့် တယ်ရီ

လူမျိုးရေး ခွဲခြားမှုကိစ္စအတွက်အယူခံမဝင်တော့ရန်ဆုံးဖြတ်ခဲ့သည့်နောက်ဂျွန်တယ်ရီအား နောက်တစ်ကြိမ် အလားတူ ပြဿနာမျိုး ဖြစ်ပေါ်ပါက အသင်းမှ ထုတ်ပယ်မည်ဟု ချယ်လ်ဆီးက သတိပေးခဲ့ကြောင်း သိရသည်။
ချယ်လ်ဆီး အသင်းခေါင်းဆောင်သည် QPR နောက်ခံလူ အန်တန် ဖာဒီနန်ကို လူမျိုးရေး ခွဲခြားမှုအတွက် FA၏ (၄)ပွဲပယ် ပြစ်ဒဏ်ကို ငြင်းဆန် အယူခံ မဝင်တော့ရန် ရွေးချယ်ခဲ့သည်။ ချယ်လ်ဆီးသည် တယ်ရီကို အသင်းခေါင်းဆောင်အဖြစ် ဆက်လက် ခန့်အပ်သွားမည် ဖြစ်သော်လည်း အလားတူ ပြဿနာမျိုး နောက်ထပ်တစ်ကြိမ် ဖြစ်ပွားပါက ကစားသမားဘက်မှ ထောက်ခံ ရပ်တည်တော့မည် မဟုတ်ဟု ဆိုသည်။ တယ်ရီက ၎င်း၏ အသုံးအနှုန်းကြောင့် ထိခိုက်နစ်နာသွားသူများကို တောင်းပန်ကြောင်းနှင့် မိမိဘက်မှ ရပ်တည်ပေးခဲ့သည့် ကလပ်အသင်း၊ မိသားစုနှင့် ပရိသတ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ရက်ဒင်းတိုက်စစ်မှူး ဂျေဆန်ရောဘတ်စ်က တယ်ရီ၏ ပြစ်ဒဏ်သည် နည်းပါးလွန်းကြောင်း ဝေဖန်ခဲ့သည်။ "(၄)ပွဲပယ်တဲ့လား။ ကျွန်တော့်အတွက်တော့ ဒီပြစ်ဒဏ်ဟာ လုပ်ရပ်အတွက် ထိုက်တန် လုံလောက်တဲ့ အရေးယူမှု မဟုတ်ဘူးလို့ ထင်တယ်။ ကျွန်တော် မပျော်ပါဘူး။ တယ်ရီကို ခုထက်ပိုပြီး ပွဲပယ်သင့်တာပါ" ဟု ပြောကြားသွားသည်။ တယ်ရီ၏ ချယ်လ်ဆီး အသင်းဖော် အက်ရှ်လေကိုးလ်သည်လည်း FAအား ပြင်းထန်သော အသုံးအနှုန်းများဖြင့် ဝေဖန်ခဲ့သည့် အတွက် ဒဏ်ငွေ ပေါင်စတာလင် (၉၀၀၀၀) တပ်ရိုက်ခြင်း ခံရသည်။

တယ်ရီသည် အယူ ခံဝင်မှုကို လက်လျှော့လိုက်သည့်နောက် FAက ချမှတ်သည့် (၄)ပွဲပယ် ပြစ်ဒဏ်အပြင် ဒဏ်ငွေ ပေါင်စတာလင် (၂၂၀၀၀၀)ကိုပါ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။ 
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1