Sunday, November 4, 2012

1.11.2012 မှ 7.11.2012 အထိ ၇ရက် သားသမီး များအတွက်ဟောစာတမ်း

Ever November | 11/04/2012 05:32:00 PM | Best Blogger Tips
တနင်္ဂနွေ
 
          စိတ်ပျော်ရွှင်မှု နှင့် အတူ စိတ်ရှုပ်မှုလည်းကြုံမည်။ ယခင် က မပြတ်သားမှုကြောင့် စိတ်ရှုပ်ရလိမ့်မည်။ ခရီး အနီး ၊ အဝေး သွားဖြစ်မည်။ လမ်းခရီးတိုင်း အန္တရာယ် လုံးဝ မရှိပါ။ မင်္ဂလာလက်ထပ် ပွဲဖြစ်မည်။ အတိုက်အခံ တွေ ကြားမှ အောင်မြင်မည်။ အလုပ်နေရာ အပြောင်းအရွှေ့ ဖြစ်မည်။ ပြောင်းလဲမှု့ လည်းဖြစ်မည်။ ငွေဝင်ကြမ်း သလောက် ငွေထွက်ကြမ်းမည်။
လက်ဆောင်တွေရမည်။
 
အကျိုးပေးဂဏန်း - ၃၊၆၊၉။
အထူးဟော - စိတ်ချမ်းသာမှု့ရမည်။
ယတြာ - တနင်္ဂနွေ နံနက်တွင် သက်ကြီးဝါကြီးတွေကို ကန်တော့ပါ။
 
တနင်္လာ
 
အရာရာမှာ စိတ်မြန်ကိုယ်မြန် ဆောင်ရွက်နေရတတ်သည်။ ရည်ရွယ်ချက်တွေ တခုပြီးတခု ဆက်တိုက်အောင်မြင်နေမည်။ ယခင် အလုပ်လုပ်လည်း အောင်မြင်မှု့ ပေါ်လာသလို ယခု အလုပ်လည်း အဆင်ပြေမှု့ ထပ်ပေါ်လာမည်။ ယခင် ချစ်သူနှင့် အဆင်ပြေသလို နောက် ချစ်သူနှင့်လည်း အဆင်ပြေမှု လက်ထပ်မှုတို့ ဘယ်သူပြုသင့်သလဲ စဉ်းစားရခက်နေမည်။ ယခင်ရည်းစားထက်ယခု ရည်းစားကို ဦးစားပေးလိုက်ပါ။ မင်္ဂလာလက်ထပ်ဖြစ်မည်။ စည်ကားမည်။ မိသားစုကလည်းကျေနပ်ခွင့်လွှတ်လိုက်မည်။ ထီထိုးပါ။ ထီမုချပေါက်မည်။  ၂ နှင့် ၄ ထိပ် စီးထားထိုးပါ။ မုချပေါက်မည်။
 
 
အကျိုးပေးဂဏန်း - ၂၊၄၊၈
အထူးဟော - မင်္ဂလာသတင်းကြားရမည်။ 
ယတြာ - တနင်္လာနေ့တွင် သက်ကြီးရွယ်အိုကို အလှူဒါနပြုပါ။
 
 
အင်္ဂါ
 
          ရန်သူက မိတ်ဆွေ ဖြစ်မည်။ မိတ်ဆွေ က ချစ်သူဖြစ်လာမည်။ အလုပ်အကိုင် အဆင်ပြေမည်။ ခရီးယာယီများလာမည်။ ၀င်ငွေ အစုလိုက်အပြုံလိုက် ၀င်မည်။လက်ထပ်မင်္ဂလာဖြစ်မည်။ ချစ်သူ အသစ် နှင့် လက်တွဲရတတ်သည်။ စက်ပစ္စည်းဝင်မည်။ အတိုင်အခံတွေ ကျော်လွှားဖြစ်မည်။ ထီထိုးပါ။ ၃ နှင့် ၅ ကိုထိပ်စီးထားထိုးပါ။ ပေါက်လိမ့်မည်။ စကား၊ကတိ လက်လွန်မိ၍ စိတ်ရှုပ်ရတတ်သည်။ စကားပြောဆင်ခြင်သင့်ပါသည်။ ငွေဝင်ငွေထွက်ကြမ်းမည်။
 
 
အကျိုးပေးဂဏန်း - ၃၊၅၊၇။
အထူးဟော - ကောင်းသော ပြောင်းလဲမှုတွေ မုချဖြစ်မည်။ 
ယတြာ - အင်္ဂါနေ့ တွင် သက်ကြီးရွယ်အိုကို ကန်တော့ပါ။
 
 
ဗုဒ္ဓဟူး
          စိတ်လေခြင်း ၊ စိတ်မြန်ခြင်း ခရီးများခြင်း တို့ဖြစ်နေမည်။ ချစ်သူတွေ ထပ်တိုးလာမည်။ မိဘသဘောတူ သည်က ၁ယောက် ကိုယ်ချစ်တာ ၁ယောက် ဖြစ်နေမည်။ ကိုယ်ချစ်တဲ့သူ နှင့် ယူဖြစ်မည်။ စက်၊ယာဉ်တို့ ၀င်မည်။ မင်္ဂလာဆောင်လက်ထပ်ပွဲ ဖြစ်မည်။ စည်ကားမည်။ အဆင်ပြေမည်။ အလုပ်ရာထူးတက်မည်။ ၀င်ငွေကောင်းမည်။ စာမေးပွဲအောင်မြင်မည်။ ခြေ၊လက်တို့ အနာရတတ်၍ ဂရုစိုက်ပါ။ ပစ္စည်းပျောက်ကိန်း၊ ငွေလိမ်ခံရကိန်းရှိ၍ ဂရုစိုက်ပါ။ ထပေါက်မည်။ ထီထိုးပါ။ ၄ ၊ ၆ ထိပ်စီး ထား၍ ထိုးပါ။ မုချပေါက်မည်။
 
အကျိုးပေးဂဏန်း - ၄၊၅၊၆။
အထူးဟော -    သင်ကံကောင်းနေသည်။
ယတြာ - ဗုဒ္ဓဟူးနေ့ နံနက်တွင် သက်ကြီးရွယ်အိုကို ကန်တော့ပါ။
 
 
ကြာသပတေး
          ရည်ရွယ်ချက်တွေ ဆက်တိုက်အောင်မြင်မှု့ရမည်။ အတိုက်အခံတွေ ကျော်လွှားအောင်မြင်မည်။ အချစ်ဆုံးချစ်သူ နှင့် လက်ထပ်ဖြစ်မည်။ မလိုသူတို့ ကြုံမည်။ ခရီးအနီး၊အဝေး တွေရောက်မည်။ အလုပ်ရမည်။ လက်ရှိအလုပ်မှ ပြောင်းလဲမည်။ ရစရာငွေတို့ရလိမ့်မည်။ ကျန်းမာရေးအနည်းငယ်ချူချာမည်။ အကြီးအကဲ၏ အပြစ်တင်ခြင်းခံရမည်။ ကား၊စက် ၊ယာဉ် ၊မြေ နေအိမ် တို့ ပြောင်းလဲ ၀င်ထွက် ရွှေ့ပြောင်းမှု့တို့ဖြစ်မည်။ သူတစ်ပါး အရှုပ်ကိုယ့်အရှုပ်ဖြစ်တတ်သည်။ သတိထားပါ။ သူများကြားဝင်မပါပါနှင့်။ 
 
အကျိုးပေးဂဏန်း - ၃၊၅၊၇
အထူးဟော - အောင်မြင်မှု့ အတွက် စွန့်စားလိုက်ပါ။
ယတြာ - ကြာသပတေး နေ့တွင် သက်ကြီးရွယ်အိုကို ကန်တော့ပါ။
 
 
သောကြာ
          လက်ထပ်ခါနီးမှ ချစ်သူ လုခြင်း ကြုံမည်။ အတိုက်အခံ ရန်ကြုံမည်။ အဝေးကို ထွက်ပြေး ရတတ်သည်။ ကိုယ်ချစ်တာက ၁ယောက် မိဘပေးစား တာက ၁ယောက် ဖြစ်မည်။ ကိုယ်ချစ်တဲသူကို ယူဖြစ်ပါမည်။မင်္ဂလာလက်ထပ်ပွဲဖြစ်မည်။ အိမ်ပြောင်းရမည်။ ခရီးဝေးတွေရောက်မည်။ အလုပ်ပြောင်းဖြစ်မည်။ ရုတ်တရက် ခိုက်မိတတ်၍ ဆိုင်ကယ်၊ကား ဂရုစိုက်မောင်းပါ။ စွန့်စားမှု့၊လွတ်လပ်မှု့တို့ပြုဖြစ်မည်။ထီထိုးပါ။ထီပေါက်မည်။၆၊၇ထိပ်စီးဖြင့်ထိုးပါ။ မုချပေါက်မည်။ ငွေကုန်ကျများသော်လည်းငွေဝင်မည်။ ကူညီသူပေါ်မည်။ 
 
 
အကျိုးပေးဂဏန်း - ၆၊၇၊ဂ
အထူးဟော - စွန့်စားမှု့ကြောင့်အောင်မြင်မည်။ 
ယတြာ - သောကြာနေ့ နံနက်တွင် သက်ကြီးရွယ်အိုများကို လှူပါ ၊ ကန်တော့ပါ။
 
စနေ
 
          သင်၏စိတ်တွေ မတင်မကျ ဖြစ်နေမည်။ ချစ်သူ က တစ်ဖက် မိဘက တစ်ဖက် ဖြစ်မည်။ သင့်ချစ်ရသူ ကို မိဘက သဘောမတူဖြစ်နေမည်။ မိဘပေးစားသူကိုလည်း မယူချင်ဖြစ်နေမည်။ဝေခွဲမရဖြစ်နေမည်။ အကောင်းဆုံးကတော့ ကိုယ်ချစ်တဲ့သူကို ယူသင့်ပါသည်။ ဘာပဲဖြစ်ဖြစ် လက်ထပ်ဖြစ်မည်။ အိမ်ထောင်ကျမှာသေချာပါသည်။ အိမ်ပြောင်းရွှေ့ဖြစ်မည်။ အလုပ်အကိုင်တိုးတက် ပြောင်းလဲမည်။  ကူညီ သူပေါ်မည်။ ငွေဝင်ကောင်းမည်။ ခရီးဝေးယာယီ တွေရောက်မည်။ ထီပေါက်ကိန်း ရှိပါသည်။ ထီထိုးပါ။ ၇ နှင့် ၄ထိပ်စီးထားပြီး ထိုးပါ။ မုချပေါက်မည်။ 
 
 
အကျိုးပေးဂဏန်း - ၇၊၈၊၉
အထူးဟော - အဆင်ပြေသွားမှာပါ။
ယတြာ - စနေနေ့ နံနက်တွင် သက်ကြီးရွယ်အို ကို ကန်တော့ပါ။
ဒေါက်တာထွန်းလင်း ( ဘုတလင်)
မြစ်မခသတင်းမီဒီယာ 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1