Sunday, November 4, 2012

ရုရှားအာကာသ ကုန်တင်ယာဉ် နိုင်ငံတကာ အာကာသစခန်းနှင့်ချိတ်ဆက်

Ever November | 11/04/2012 05:25:00 PM | Best Blogger Tips

ရုရှားအာကာသ ကုန်တင်ယာဉ်သည် အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်းက နိုင်ငံတကာ အာကာသယာဉ်စခန်းနှင့် ချိတ်ဆက်ခဲ့ကြောင်း သိရသည်။ ပရိုဂရက် အမ်-၁၇ အမည်ရှိ အဆိုပါ အာကာသ ကုန်တင်ယာဉ်သည် ကာဇက်စတန်ရှိ ဘိုင်ကိုနော့ဗ် အာကာသစခန်းမှ လွှတ်တင်ပြီး ခြောက်နာရီအကြာတွင် နိုင်ငံတကာ အာကာသယာဉ်စခန်းနှင့် ယင်းနေ့ မော်စကို စံတော်ချိန် ၁၇ နာရီ က ချိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်း ရော့စ်ကော့စမော့စ် အာကာသရေးရာဌာနမှ သိရသည်။ ယင်းအာကာသကုန်တင်ယာဉ်ကို ဆိုယုဇ်-ယူဒုံးပျံဖြင့် ယင်းနေ့မော်စကို စံတော်ချိန် ၁၁ နာရီ ၄၁ မိနစ်က လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး အာကာသယာဉ်စခန်းအတွက် လိုအပ်သည့် ပစ္စည်းကိရီယာများအပါအ၀င် ထောက်ပံ့ရေးပစ္စည်း ၂ ဒသမ ၅ တန်ကို သယ်ဆောင်သွားသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1