Sunday, November 4, 2012

သရုပ်ဆောင်လုပ်ရန် မစဉ်းစားသေးဟု နန်းခင်ဇေယျာဆို

Ever November | 11/04/2012 05:51:00 PM | Best Blogger Tips

ဂျပန်နိုင်ငံ၌ကျင်းပသောMissInternational2012ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သော နန်းခင်ဇေယျာမှာ ယခုချိန်ထိ သရုပ်ဆောင်တစ်ဦးအဖြစ် လုပ်ကိုင်သွားရန် စဉ်းစားထားခြင်း မရှိသေးကြောင်း သိရသည်။
   
အခုချိန်ထိတော့ သရုပ်ဆောင်တစ်ဦးအဖြစ်လုပ်ဖို့ကိုမစဉ်းစားသေးပါဘူး။အရင်ပုံမှန်လုပ်နေတဲ့အလုပ်ကိုပဲ လုပ်နေမှာပါ ဟု နန်းခင်ဇေယျာက ပြောသည်။
 
လက်ရှိအချိန်တွင် နန်းခင်ဇေယျာ Miss Mysnmarတစ်ဦးအဖြစ်နှင့်သာစီးပွားရေးကြော်ငြာများ၊ ပြက္ခဒိန်များ ရိုက်ကူး နေခြင်းဖြစ်ပြီး ယခင်အလုပ်အကိုင်ဖြစ်သော Tourist Guide တစ်ဦးအဖြစ် ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း သိရသည်။
 
နိုဝင်ဘာလ(၈)ရက်နေ့မှာProgramတစ်ခုကိုလက်ခံထားပါတယ်။အဲဒီ့ခရီးစဉ်မှာဂျာမန်ခရီးသွားတွေအတွက် ဧည့်လမ်းညွှန်အဖြစ် တာဝန်ယူပေးရမှာပါဟု နန်းခင်ဇေယျာကပြောသည်။
 
နန်းခင်ဇေယျာအနေဖြင့်ပရဟိတလုပ်ငန်းများကိုလည်းလုပ်ဆောင်လျက်ရှိနေပြီး၎င်းနှင့်အတူပါဝင်လှူဒါန်းလို
ပါက ၎င်း၏ G-mail အကောင့်ဖြစ်သော nangkhinzayyar@gmail.com သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ကြောင်း ၎င်း၏ Face book စာမျက်နှာတွင် ဖော်ပြထားသည်။
 
နန်းခင်ဇေယျာသည် ဂျပန်နိုင်ငံတွင်ပြုလုပ်သော Miss International 2012 ပြိုင်ပွဲတွင် Miss Internet ဆုနှင့် Miss People’s Choice ဆုများကိုရရှိခဲ့ပြီး လက်ရှိအချိန်တွင် လွယ်ဟိန်းကုမ္ပဏီ၏ Brand Ambassador တစ်ဦးအဖြစ် လုပ်ကိုင်လျက်ရှိသည်။
ကျော်ဇင်မန်း(မြစ်မခ) 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1