Sunday, November 4, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် အာရှ-ဥရောပ အစည်းအဝေး (ASEM)သို့ တက်ရောက်ရန် လာအိုနိုင်ငံသို့ ထွက်ခွါ

Ever November | 11/04/2012 05:55:00 PM | Best Blogger Tips
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ ဗီယင်ကျန်းမြို့တော်   National Convention Centre တွင်     ကျင်းပမည့်(၉) ကြိမ်မြောက် အာရှ-ဥရောပ  အစည်းအဝေးသို့ တက်ရောက်ရန် ယနေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွါသွား
ခဲ့ပြီ ဖြစ်ပါသည်။ ASEM အစည်းအဝေးအား နိုဝင်ဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့ထိ ကျင်းပမည်ဖြစ်ပြီး သမ္မတကြီး အနေဖြင့် အစည်းအဝေးတက်ရောက်လာကြသည့် နိုင်ငံတကာမှ အကြီးအကဲအချို့နှင့် တွေ့ဆုံ
ဆွေးနွေးရန်ရှိသဖြင့် ယနေ့ စတင်ထွက်ခွာပြီး နိုဝင်ဘာ(၇)ရက်နေ့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။ခရီးစဉ်တွင်အဖွဲ့ဝင်အဖြစ်ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော နိုင်ငံခြားရေးဝန်ကြီးဦးဝ
ဏ္ဏမောင်လွင်၊သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း၊ ဆောက်လုပ်ရေးဝန်ကြီး ဦးကျော်လွင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြပါသည်။

အာရှ-ဥရောပအစည်းအဝေးကို၁၉၉၆ခုနှစ်တွင်တက်ရောက်သည့်နိုင်ငံပေါင်း(၂၆)ဖြင့်စတင်ကျင်းပခဲ့ခြင်းဖြစ်
ပြီး မြန်မာနိုင်ငံအနေဖြင့်၂၀၀၄ခုနှစ်တွင်စတင်တက်ရောက်ခဲ့ပါသည်။လက်ရှိအကြိမ်တွင်တက်ရောက်သည့်
နိုင်ငံပေါင်း (၄၈) နိုင်ငံရှိပြီး ဥရောပ မှ (၂၇) နိုင်ငံ၊ အာဆီယံအသင်းဝင် (၁၁) နိုင်ငံ၊ အာရှနှင့် အခြားနိုင်ငံ(၉) နိုင်ငံမှ အကြီးအကဲများတက်ရောက်ကြမည်ဖြစ်ပါသည်။
Yangon Media Group

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1