Friday, November 30, 2012

တိုက်စစ်ကို ရဲရဲ ကစားရန် မိမိကို မန်နေဂျာ တိုက်တွန်းခဲ့ကြောင်း အန်ရီကေး ဖွင့်ဟ

Ever November | 11/30/2012 11:35:00 AM | Best Blogger Tips
ခြေစွမ်းတောက်ပ လာသည့် အန်ရီကေး

လီဗာပူးလ် အသင်းတွင် တိုက်စစ်ပိုင်းကို ပိုမို ရဲရဲရင့်ရင့် လိုက်ကစားရန် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက မိမိကို တိုက်တွန်းခဲ့ကြောင်း ဟိုဆေး အန်ရီကေးက ဖွင့်ဟခဲ့သည်။
စပိန် ဘယ်တောင်ပံ ခံစစ်မှူးသည် ရာသီအစတွင် ခြေစွမ်း ပျောက်ဆုံးခဲ့သော်လည်း ရော့ဂျာက ၎င်းကို ဘယ်တောင်ပံ တိုက်စစ်မှူးအဖြစ် နေရာပြောင်း အသုံးပြုခဲ့သည့်နောက် ပုံစံကောင်း ရရှိလာခဲ့သည်။ အထူးသဖြင့် အထောင်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်နှင့် အချိတ်အဆက်မိမိ ကစားကာ လီဗာပူးလ်၏ ဘယ်တောင်ပံ တစ်ခြမ်းလုံးကို လွှမ်းမိုး တာဝန်ယူနိုင်သည့် ကစားသမားမျိုး ဖြစ်လာသည်အထိ အန်ရီကေး၏ ခြေစွမ်းမှာ တောက်ပလာသည်။ ယခုအခါ မိမိ၏ အရည်အသွေးများအား ပိုမိုယုံကြည်မှု ထားရှိကာ တိုက်စစ်ကို ထဲထဲဝင်ဝင် ကစားရန် မန်နေဂျာက တောင်းဆိုခဲ့ကြောင်း အန်ရီကေးက ထုတ်ဖော် ပြောဆိုသွားသည်။
၎င်းက "တောင်ပံ ကစားသမား နှစ်ယောက်ဖြစ်တဲ့ ရာဟင် စတာလင်နဲ့ ကျွန်တော့်ကို မန်နေဂျာက ပြောပါတယ်။ သူက တောင်ပံသမားတွေကို ပြိုင်ဘက် ဧရိယာထဲထိ ဝင်တိုးပြီး ဂိုးတွေ သွင်းစေချင်တယ်။ တိုက်စစ်ဆင်တဲ့အခါ ဘယ်အသင်းမဆို ကိုယ့်အသင်းသားတွေ ပြိုင်ဘက် ဧရိယာထဲ ရှိနေဖို့ လိုအပ်ပါတယ်။ ကိုယ့်အသင်းက ထောင့်ဖြတ်ဘောတွေ တက်လာတဲ့အခါ ဧရိယာထဲမှာ လူရှိနေဖို့ လိုတယ်။ ဒီအတွက် ကျွန်တော် ရှေ့ကို ရောက်နိုင်သမျှ ရောက်အောင် တက်ပြီး နေရာ ယူပါတယ်။ ဝီဂန်နဲ့ ပွဲမှာဆိုရင် ကျွန်တော် ဂိုးသွင်းနိုင်ခဲ့တယ်။ ကျွန်တော့် အနေနဲ့ ထူးဆန်းအံ့ဩလောက်တဲ့ လှလှပပ ဂိုးမျိုး သွင်းမပြနိုင်သေးပါဘူး။ အရေးကြီးတာက နေရာယူ မှန်မှန်နဲ့ တိုက်စစ်ထိ တက်ပြီး ရတဲ့အနေအထားက ဂိုးသွင်းဖို့ပါ" ဟု ပြောကြားခဲ့သည်။
၎င်းက "ကျွန်တော် တောင်ပံ တိုက်စစ်မှာ ကစားရတာကို သဘောကျနေပါပြီ။ ကျွန်တော် တိုက်စစ်ကို ပြေးလိုက်သွားရတာ ကြိုက်တယ်။ အသင်းမှာ လူတိုင်းလည်း ဒါမျိုးကို နှစ်သက်ပါတယ်။ တကယ်တော့ ဘယ်သူမဆို ခံစစ်ထက် တိုက်စစ်ကို ပိုပြီး အားသန်ကြတာပဲ မဟုတ်လား။ ဒါဟာ သာမန် အခြေအနေ တစ်ခုပါ"ဟုလည်း မှတ်ချက်ပြုသွားသည်။
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1