Friday, November 30, 2012

ဒီဇင်ဘာလ အတွင်း တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ရန် တင်ဒါခေါ်ယူ သွားမည်

Ever November | 11/30/2012 12:39:00 PM | Best Blogger Tips

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဆောင်ရွက်မယ့် တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်မှု အတွက် တင်ဒါ ခေါ်ယူမှုကို လာမယ့် ဒီဇင်ဘာလအတွင်းမှာ ခေါ်ယူ သွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။


အခုလို ခေါ်ယူရာမှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ
ဆောင်ရွက်မယ့် အိမ်ရာ စီမံကိန်းများ ဖြစ်တဲ့ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် ၄၈ ရပ်ကွက်ရှိ ဗိုလ်ဗထူး အိမ်ရာ စီမံကိန်း၊ ဗိုလ်မင်းရောင် အိမ်ရာ စီမံကိန်း၊ ပင်လုံအိမ်ရာ စီမံကိန်းနဲ့ ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ် ရှိ ဧရာပန် အိမ်ရာ စီမံကိန်းနဲ့ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ တက္ကသိုလ် အိမ်ရာ စီမံကိန်းများ
ဆောင်ရွက်ဖို့ အတွက် ခေါ်ယူမှာ ဖြစ်ပါတယ်။

ဒီလို တင်ဒါခေါ်ယူ ရာမှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ရေးဆွဲ ထားတဲ့ အဆောက်အဦး ပုံစံများအတိုင်း ဆောင်ရွက် သွားဖို့ဖြစ်ပြီး လျှောက်ထားတဲ့ လုပ်ငန်းရှင်များ အနေနဲ့ အစီအစဉ်များရေးဆွဲကာ တင်ဒါများ တင်သွင်း နိုင်တယ်လို့ သိရပါတယ်။ အဆိုပါ တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်မှု အတွက် တင်ဒါ လျှောက်ထား လိုတဲ့ လုပ်ငန်းရှင်များ အနေနဲ့ တင်ဒါ လျှောက်လွှာနဲ့ အဆောက်အဦး ပုံစံများကို အင်ဂျင်နီယာ ဌာန အဆောက်အအုံမှာ လာမယ့် ဒီဇင်ဘာလ အတွင်း စတင် ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV - 4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1