အသင်းမှ ထွက်ခွာဖွယ် ရှိသည့် ဖယ်လ်ကာအို
ရာဒါမယ်လ် ဖယ်လ်ကာအို အနေဖြင့် အခြားသော ဘောလုံးလိဂ် တစ်ခုသို့ ပြောင်းရွှေ့ ကစားနိုင်ကြောင်း အက်သလက်တီကို မက်ဒရစ် အသင်း ဥက္ကဋ္ဌက ဝန်ခံ ပြောကြားလိုက်သည်။
ဥက္ကဋ္ဌ အန်ရီကေး ဆီရီဇိုက လတ်တလောတွင် ကိုလံဘီယာ လက်ရွေးစင် ကစားသမားသည် အသင်းတွင် ပျော်ရွှင် နေသော်လည်း တစ်နေ့နေ့တွင် စိန်ခေါ်မှု အသစ်ကို ရွေးချယ်နိုင်ကြောင်း ဆိုသည်။ ယခုရာသီ အကောင်းဆုံး ခြေစွမ်း ရရှိနေသော တိုက်စစ်မှူးကို ချယ်လ်ဆီးနှင့် မန်ချက်စတာ စီးတီး အသင်းများက အပြိုင်အဆိုင် စိတ်ဝင်စားလျှက် ရှိနေသည်။ ဆီရီဇိုက အကယ်၍ တစ်နေ့နေ့တွင် ဖယ်လ်ကာအို အသင်းမှ ထွက်ခွာသွားမည် ဆိုပါကလည်း မိမိသည် အနာဂတ် အတွက် တွေးတော စိုးရိမ်နေမည် မဟုတ်ကြောင်း ပြောဆိုသွားသည်။
ဆီရီဇိုက "ကျွန်တော် ဖယ်လ်ကာအိုနဲ့ စကားပြောဖြစ်တယ်။ အသင်းမှာ ပျော်နေတယ်လို့ သူဝန်ခံပါတယ်။ သူဟာ အက်သလက်တီကိုနဲ့ ဖြတ်သန်း ကစားခဲ့ရတဲ့ စာချုပ်အတွက် ဂုဏ်ယူချင်ပါတယ်။ တစ်နေ့နေ့မှာတော့ အပြောင်းအလဲ ဖြစ်လာနိုင်တယ်။ ဘယ်တော့လဲ ဆိုတာတော့ ကျွန်တော် မသိဘူး။ သူက တခြားလိဂ် တစ်ခုကို ပြောင်းကစားတာမျိုး တောင်းဆိုလာနိုင်တယ်" ဟု ဆိုသည်။ ၎င်းက "တစ်နေ့ ဒါမျိုး ကြုံလာမှာ ကျွန်တော် သိပါတယ်။ အချိန်မရွေး ဖြစ်လာနိုင်တယ်။ ကျွန်တော် ဒီအတွက် စိုးရိမ် မနေတော့ဘူး။ သူ့အနေနဲ့ အဲဒီအခါ ကျွန်တော့်ကို တိုက်ရိုက် စကားပြောဖို့ လိုပါတယ်။ ဖယ်လ်ကာအိုဟာ ကလပ် အသင်းကို ချစ်တဲ့သူပါ။ သူဟာ လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်စစ်မှူး တစ်ယောက် ဖြစ်ပါတယ်။ ပြီးတော့ ချစ်ခင်နှစ်လိုစရာ ပုဂ္ဂိုလ် တစ်ယောက်ပါ။ အသင်းအတွက် သူ့ရဲ့ အားထုတ်မှုကလည်း ဘယ်တော့မှ မလျော့သွားဘူး" ဟုလည်း ဆက်လက် သုံးသပ် သွားခဲ့သည်။
soccer myanmar
No comments:
Post a Comment