အိန္ဒြာကျော်ဇင်က "မာန်"ဆိုတဲ့ ဇာတ် ကားကို ဟိန်းဝေယံနဲ့ ရိုက်ကူးနေပြီး နာမည် ကြီး ဒီဇိုင်နာ တစ်ယောက်အဖြစ် သရုပ် ဆောင် ရတာဖြစ်ပါတယ်။ နောက်ပိုင်း ဆင် ဆာခွင့်ပြုမှုတွေကြောင့် ဇာတ်လမ်းတွေ က လည်း အရင်ကထက်ပိုကောင်းလာတယ် လို့ အိန္ဒြာကျော်ဇင်က ဆိုလာပါတယ်။
"ဇာတ်လမ်းတွေက ဆင်ဆာလည်းခွင့် ပြုလာပြီဆိုတော့ အရင်ထက် ဇာတ်လမ်းတင် ဆက်မှု မတူတော့ဘူး၊ ဇာတ်တွေကွဲလာတယ်၊ ပိုကောင်း လာတယ် ကိုယ့်ကိုလာပေးတဲ့ ဇာတ်ကိုက ကောင်းပြီးသားဆိုတော့ သိပ် ရွေးစရာမလိုဘူး" လို့အိန္ဒြာကျော်ဇင်က ပြောပြပါတယ်။
အိန္ဒြာကျော်ဇင်နဲ့ အောင်ရဲလင်းတို့ ပါဝင်တဲ့ "မြူခိုးလွင်ပြင်" ဆိုတဲ့ ဇာတ်ကား ကို ပရိသတ်တွေက အားပေးကြသလို ဒီဇာတ် ကား ရိုက်ကူး ခဲ့စဉ်က ပြင်ဦးလွင်မှာ သွား ရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး သမီးဖြစ် သူ ပြေသုဒြာကိုလည်း ရိုက်ကွင်းကိုခေါ်သွား တာက အမှတ်တရ ပါပဲလို့ ပြောပြပါတယ်။ အိန္ဒြာကျော်ဇင်က သမီးမွေးပြီးနောက်ပိုင်း မှာ ခန္ဓာကိုယ်ထိန်းသိမ်းမှုကိုလည်း ပရိ သတ်တွေကမေးမြန်းနေကြတာကြောင့် အိန္ဒြာကျော်ဇင်ကိုမေးကြည့်ဖြစ်တော့...
"ကိုယ်ဝန်နဲ့က ခန္ဓာကိုယ်က သိပ် မတက်သွားဘူး၊ ကလေးမွေးပြီးတော့ လည်း တအားမဝသွားဘူးဆိုတော့ ဝိတ်ချ ရတာ လွယ်တယ်။ အစား အသောက်ကိုလည်း တအားမစားဘူး။ မနက်၊နေ့လယ်ကို ပုံမှန် စားတယ်။ ညဘက်ကိုတော့နည်းနည်း လျှော့ စားတယ်။ စက်နဲ့ပြေးတယ်။ တအား တော့ မလုပ်ပါဘူး။ ကလေးမွေးပြီးပြီးချင်း တုန်းက တော့ ဗိုက်က ပူတယ်။ ဆရာဝန်ကလည်း ဗိုက်စည်းစည်းရမယ်ဆိုတော့စည်း ဖြစ် တယ်။ နေ့ရောညရော စည်းတော့ မပူ တော့ဘူး။ အခုနောက်ပိုင်းကတော့ မလိုတော့မစည်းဖြစ်တော့ဘူး။ အဓိကကအဆီ၊ အစိမ့် တွေစားတာ လျှော့ရ မယ်။ အသီးအရွက် များများစား၊ ပုံ မှန်လေ့ ကျင့်ခန်း လေးလုပ် ပေးရင် ခန္ဓာ ကိုယ် အတွက်ရော၊ ကျန်းမာရေး အရပါ ကောင်းတယ်"လို့ပြော ပါတယ်။
မေမွန်မောင်
Popular facebook
No comments:
Post a Comment