Friday, November 2, 2012

အနုပညာရှင်များနိုင်ငံရေး လုပ်ဆောင်ခြင်းသည် နိုင်ငံ့ဂုဏ်ဆောင်ကြောင်း ဟုဆိုသူ အဆိုတော်သျှီ

Ever November | 11/02/2012 04:06:00 PM | Best Blogger Tips

ပရဟိတ လုပ်ခြင်းသည် နိုင်ငံ့ ဂုဏ်ဆောင်ခြင်း ပဲဖြစ်ပြီး အနုပညာရှင်များ နိုင် ငံရေး လုပ်ဆောင်ခြင်း သည်လည်း နိုင်ငံ့ ဂုဏ်ဆောင်ခြင်း ဖြစ်ကြောင်း အ ဆိုတော်သျှီက ပြောသည်။ ပရဟိတ ရန်ပုံငွေပွဲ များတွင် အမြဲ လိုလို ပါဝင် သီဆိုနေ သူ အဆိုတော်သျှီက ကိုယ့်ကို အနုပညာရှင် အဖြစ် လက်ခံထားတဲ့ ပြည်သူတွေကို သူတို့ အခက်အခဲဖြစ်တဲ့ အခါမှာ ပြန်လည်ရိုင်းပင်း ကူညီခွင့် ရ သည့် အတွက် ပျော်ရွှင်ပါကြောင်း လုပ်ဆောင်နေသည့် ပရဟိတနှင့် အနု ပ ညာ သည် ဒွန်တွဲနေသည်ဟု ခံယူထားကြောင်း ပြောသည်။ ”အဓိကကတော့ ချစ်တတ်တဲ့ နှလုံးသား ရှိရမယ်။ ပြည်သူတွေ အမေစု ကို ချစ်သလိုမျိုးပဲ တိုး တက်ပြောင်းလဲမှုတွေ ဖော်ဆောင်တဲ့ အ ခြားပုဂ္ဂိုလ်တွေကိုလည်း ချစ်ရမယ်။ ချစ်တာဟာ အပြစ်မရှိဘူး။ မုန်းတာမှ အပြစ်ရှိတာ။ ကိုယ်က ချစ်ပြီး သူက မုန်း တယ် ဆိုတာလည်း အပြစ်မရှိဘူး။ ဒါကြောင့် အချစ်တွေ လူတိုင်းရင်မှာ ရှိတာ ပေါ့။ သျှီတို့ အနုပညာရှင်တွေ လုပ်တဲ့ အရာ တိုင်းကို လက်ခံပေးတဲ့ ပရိ သတ်တွေ ကို ကျေးဇူတင် ဝမ်းသာတယ်။ ပရိသတ်နဲ့ အနုပညာရှင်တွေ အတူ တူ လက်တွဲပြီး တစ်မြေ တည်းနေ တစ်ရေတည်း သောက်တဲ့ ပြည်သူတွေ ဖြစ်တဲ့ အတွက် ဒုက္ခရောက်သူတွေကို ကူညီကြမယ်၊ လိုအပ်တဲ့ ကွက်လပ်ကို ဖြည့်ပေးနိုင် မယ်ဆိုရင် နိုင်ငံတော် ကြီး လည်း တိုးတက်လာမှာပဲ။ ဘာပဲ လုပ် လုပ် အရေးကြီးဆုံး ကတော့ ချစ်ခြင်း မေတ္တာပါပဲ”လို့ သျှီက ပွင့်ပွင့် လင်း လင်းပြောသည်။ သျှီက သူ၏ အနုပညာ သက်တမ်း ၁၅ နှစ်ပြည့် တွင် တစ် ကိုယ်တော် ရှိုးပွဲလုပ်ရန် စီစဉ်ထားသော်လည်း အရေးကြီး အကြောင်းတစ် ခုကြောင့် မလုပ်ဖြစ်တော့ကြောင်း သိရသည်။

ထူးထူး
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1