Friday, November 2, 2012

ခရီးသည်တင် လေယာဉ်ပေါ်၌ အနံ့ဆိုးထွက်မှုကြောင့် ပြန်လည်ဆင်းသက်ရ

Ever November | 11/02/2012 04:18:00 PM | Best Blogger Tips
 သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့လေဆိပ်မှ အောက်တိုဘာ ၃၁ ရက် ည ၇ နာရီ မိနစ် ၄၀ ခန့်က ပျံသန်းထွက်ခွာလာသော ကင်းတက်စ်လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်းသည် လေယာဥပေါ်၌ ထူးခြားသော အနံ့တစ်မျိုး ဆိုးရွားစွာ ထွက်ပေါ်လာသဖြင့် ဆစ်ဒနီလေဆိပ်သို့ ပြန်လည်ဆင်းသက်လာခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများက နိုဝင်ဘာ ၁ ရက်တွင် ဖော်ပြသည်။ ကင်းတက်စ်လေကြောင်းလိုင်းမှ အဲဘတ်စ်အေ ၃၈၀ လေယာဉ်သည် ဆစ်ဒနီလေဆိပ်မှ ပျံတက်ပြီး မိနစ် ၃၀ ခန့်အကြာတွင် ဆိုးရွားသော အနံ့တစ်မျိုး ထွက်ပေါ်လာသဖြင့် လေယာဉ်မှူးက ဆစ်ဒနီလေဆိပ်သို့ ပြန်လည်ဆင်းသက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လေယာသ်သည် ယင်းနေ့ ဒေသစံတော်ချိန် ည ၈ နာရီ ၁၀ မိနစ်ခန့်က ပြန်လည်ဆိုကရောက်လာခဲ့ပြီးနောက် လေဆိပ်၌ အင်ဂျင်နီယာများက အနံ့ထွက်ရှိရာနေရာကို လိုက်လံရှာဖွေ စစ်ဆေးလျက်ရှိကြောင်း ကင်းတက်စ်လေကြောင်းလိုင်းမှ တာဝန်ရှိသူများက ပြောကြားသည်။ ယင်းလေယာဉ်ပေါ်မှ ခရီးသည် ၂၇၁ ဦးအား လေဆိပ်အနီး ဟိုတယ်တစ်ခုသို့ ပို့ဆောင်ကာ ယင်းည၌ အနားယူအိပ်စက်စေခဲ့ပြီး နိုဝင်ဘာ ၁ ရက် နံနက်၌ အခြားလေယာဉ်တစ်စင်းဖြင့် အစားထိုး ပျံသန်းစေခဲ့ကြောင်း၊ ခရီးသည်များ ဘေးအန္တရာယ် တစ်စုံတစ်ရာ မရှိကြောင်း ၄င်းတို့က ပြောကြားသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1