Friday, November 2, 2012

ဝဲလ်ဘက်ကို လူမျိုးရေး ခွဲခြားသည့် ပရိသတ်၏ အမည်ကို ချယ်လ်ဆီး ဖော်ထုတ်နိုင်လာ

Ever November | 11/02/2012 04:02:00 PM | Best Blogger Tips
မျောက်ပုံသဏ္ဍန် လုပ်ပြီး လှောင်ပြောင်နေသည့် ပရိသတ်တစ်ဦး

ချယ်လ်ဆီး အသင်းသည် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဒန်နီဝဲလ်ဘက်ကို လူမျိုးရေး ခွဲခြား လှောင်ပြောင်ခဲ့သည့် ပရိသတ်အား အမည် ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
Capital One ပွဲစဉ်အဖြစ် အချိန်ပိုတွင် ချယ်လ်ဆီးက (၅-၄)ဖြင့် အနိုင်ရခဲ့စဉ် ဝဲလ်ဘက်ကို ရည်ရွယ်ကာ မျောက်ပုံသဏ္ဍန် ပြုလုပ်ပြပြီး လှောင်ပြောင်ခဲ့သော ချယ်လ်ဆီး ပရိသတ်မှာ အသက်(၂၈)နှစ်ရှိ ဂေဗင်ကာ့ခ်ဟမ်ဖြစ်သည်။ ကာ့ခ်ဟမ်သည် ချယ်လ်ဆီး၏ မက်သရူးဟာဒင် ပွဲကြည့်စင်မှတစ်ဆင့် ဝဲလ်ဘက်ကို လူမျိုးရေး ခွဲခြား စော်ကားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဟာ့တ်ဖို့ရှိုင်းယားရှိ လတ်ခ်ျဝေါ့သ် ဥယျာဉ်မြို့တော်တွင် နေထိုင်ကြောင်းလည်း သိရသည်။ မက်သရူးဟာဒင် ပွဲကြည့်စင်သည် ပရိသတ်များက အရာဝတ္ထု ပစ္စည်းများဖြင့် ပစ်ပေါက်မှုကြောင့် မန်ယူကို အရေးနိမ့်သည့် ပရီးမီးယားလိဂ် ပွဲစင်တွင် ချယ်လ်ဆီး ကွင်းလုံခြုံရေး တစ်ဦး ဒဏ်ရာ ရခဲ့သည့် နေရာလည်း ဖြစ်သည်။
ချယ်လ်ဆီးသည် အသင်းခေါင်းဆောင် ဂျွန်တယ်ရီ လူမျိုးရေး ခွဲခြားမှုကြောင့် ပွဲပယ်ပြစ်ဒဏ် ကျခံထားရစဉ် ပရိသတ်၏ နောက်ထပ် လူမျိုးရေး ခွဲခြားမှု ဖြစ်စဉ်တစ်ခုကြောင့် အရှက်ရစရာ ဖြစ်လာခဲ့သည်။ ထိုအတောအတွင်း မန်ယူနှင့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ကိုင်တွယ်သွားသည့် ဒိုင်လူကြီး မာ့ခ်ကလေတန်ဘာ့ဂ်သည် မိမိတို့ ကစားသမားများအပေါ် လူမျိုးရေး ခွဲခြားကြောင်းလည်း ချယ်လ်ဆီးက တိုင်ကြားထားသည်။ ချယ်လ်ဆီးသည် ယခုကိစ္စတွင် ကာ့ခ်ဟမ်ကို ပွဲကြည့်ခွင့် ရေရှည် ပိတ်ပင်သည့် ပြစ်ဒဏ်မျိုး ချမှတ်လာဖွယ် ရှိနေသည်။

ချယ်လ်ဆီးအသင်း ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက "ချယ်လ်ဆီး အနေနဲ့ ဘောလုံး လောကမှာ အသားအရောင် ခွဲခြားမှု အားလုံး တိုက်ဖျက်ရေးကို စွမ်းသလောက် ပါဝင် ဆောင်ရွက် သွားမှာပါ။ လုံလောက် တိကျတဲ့ သက်သေ အထောက်အထားမျိုး ရှိလာရင် အပြင်းထန်ဆုံး အရေးယူမှာ ဖြစ်သလို ရာဇဝတ် ပြစ်မှုအရ ချဉ်းကပ်မှုမျိုးတွေကိုပါ ထောက်ခံ ပေးသွားပါမယ်"ဟု ပြောကြားသွားသည်။ 
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1