(28-11-2012)နေ့ နေလည်(၂)ခွဲအချိန်ခန့်အထိ အာဏာပိုင်များဘက်မှ လည်း အကြမ်းဖက်နှိမ်နင်းမှုများပြုလုပ်မှုတစ်စုံတစ်ရာမတွေ့ရသေးဘဲ သပိတ်ာဖတ်ာအရှင်သူမြတ်များကလည်း အေးချမ်းစွာဖြင့် ထိုင်သပိတ်ပြုလုပ်
နေကြပါသည်။
ရဲတပ်ဖွဲ့များကတော့ ဒုတ်ဒိုင်များဖြင့် ၀မ်ပေါင်ကုမ္ပဏီ ရုံးဝင်းအတွင်းမှ ဟန် ရေးပြ လေ့ကျင့်သံများကတော့ ဗုန်း ..ဒိုင်း...ဗုန်း..ဒိုင်း သံများကအဆက်မ ပြတ်အောင် ကြားနေရပါသည် ခင်ဗျာ....။

သတင်းဓာတ်ပုံ-သလ္လာဝတီတိုင်မ
လက်ပံတောင်းအရေးပေါ်သတင်း ၁
ယနေ့ (၂၉.၁၁.၂၀၁၂) နံနက် (၃)နာရီမှ စတင်ကာ သပိတ်စခန်းများကို အကြမ်းဖက် စတင်ဖြိုခွဲနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။ လုံထိန်း ရဲများသည် မျက်ရည်ယိုဗုံးများ ပစ်ဖောက်ခွဲကာ မီးသတ်ကားမှ ရေပိုက်ဖြင့် လူစုခွဲခြင်းကို စတင်ပြုလုပ်ခဲ့သည်။ ထို့နောက် နံပါတ်တုတ်များဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများနှင့် သံဃာတော်များကို ရိုက်နှက်ခဲ့သည်။ "ကျန်တဲ့သပိတ်စခန်းတွေတော့ မသိဘူး၊ အခု မြင်နေရတာကတော့ သပိတ်စခန်း (၂)ခုကို စပြီး အကြမ်းဖက်နေပြီ၊ အခု ကျွန်တော်မြင်ခဲ့ရသလောက် သံဃာတော် (၁၀)ပါးလောက်တော့ ဒဏ်ရာရသွားပြီ" ဟု သပိတ်စခန်းသို့ ရောက်ရှိနေသူတစ်ဦးက ပြေးလွှားရင်းဖြင့် တယ်လီဖုန်းဖြင့် ပြောကြားခဲ့ပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၂
ဝမ်ပေါင်ရုံးရှေ့ရှိ သပိတ်စခန်းအား ရဲတပ်ဖွဲ့မှ မီးသတ်ကား တစ်စီးဖြင့် ပိုက်ထိုးကာ လူစုခွဲလိုက်ကြောင်း၊ ရေဖြင့်ထိုးနေချိန်မှာ အချိန် ငါးမိနစ်ခန့်ကြာကြောင်း၊ သို့သော်လည်း လူစုမကွဲသဖြင့် မျက်ရည်ယိုဗုံးများ ဖြင့် ပစ်ပေါက်ကာ အကြမ်းဖက် နှိမ်နင်းခဲ့ကြောင်း သတင်းရရှိပါသည်။
ယခုအခါ အဆိုပါဝမ်ပေါင်သပိတ်စခန်းမှ သံဃာတော်တစ်ပါးမှာ မျက်ရည်ယိုဗုံးမှန်၍ အပြင်းအထန် ဒဏ်ရာရရှိသွားပြီး မဖြူဖြူသင်းမှာလည်း ဒဏ်ရာရရှိသွားသည်။ မသွဲ့သွဲ့ဝင်းသည် သံဃာတော်များနှင့်အတူ ရှိနေပြီး မအေးနက်မှာမူ ပျောက်ဆုံးနေလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဝမ်ပေါင်သပိတ်စခန်းမှ သံဃာတော်များ၊ လူများသည် ယခုအခါ မုံရွာ၊ ပုသိမ် လမ်းမဘက်သို့ ထွက်ပြေးနေရကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၃
ကျော်ရွာဂိတ်သပိတ်စခန်းတွင် သံဃာတော်တစ်ပါး မီးလောင်သွားပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် ထားခဲ့ရကြောင်း၊ နောက်ထပ် သံဃာတော် တစ်ပါးမှာလည်း အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၎
လက်ပံတောင်းတောင်၏ အနောက်ဘက်တွင် ဖွင့်လှစ်ထားသော သပိတ်စခန်း အမှတ်(၁) တွင် ဆန္ဒပြနေသော သံဃာတော်များနှင့် လူအားလုံး ဆိုင်ကယ်များကိုပဲ မယူနိုင်တော့ဘဲ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရကြောင်း သတင်းရရှိပါသည်။
မဖြူဖြူဝင်းမှာ မျက်နှာတွင် ဒဏ်ရာရရှိသွားပြီး သပိတ်စခန်းအားလုံးမှာလည်း မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၅
ဝမ်ပေါင်ကုမ္ပဏီရှေ့ သပိတ်စခန်းတွင် ပါဝင်သော ဦးသုမနနှင့် သံဃာတော် ခြောက်ပါး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၆
ဒဏ်ရာရစာရင်း
၁။ မုံရွာခရိုင် ပုလဲမြို့နယ်၊ ခေါ်သံနီ တောကျောင်းဆရာတော် ဦးသိက္ခဥာဏ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ)
၂။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ဦးသုစိတ္တ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ)
၃။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ရှင်သောဘိတ အနည်းငယ်ဒဏ်ရာရ
၎။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ရှင်နန္ဒမာလာ အနည်းငယ်မီးလောင်ဒဏ်ရာရ
ဆက်လက်၍ ဒဏ်ရာရသူများစွာ ရှိနေသေးကြောင်း သတင်းရရှိပါသည်။
MNN

No comments:
Post a Comment