Thursday, November 29, 2012

မြန်မာဆန်စပါးကဏ္ဍ ပုဂ္ဂလိသို့တာဝန်ယူစေတော့မည်

Ever November | 11/29/2012 12:42:00 PM | Best Blogger Tips
နိုင်ငံတကာတွင် မြန်မာ့ဆန်ဈေးကွက် ရရှိရေးနိုင်စေရေးအတွက် ဆန်စပါးမူဝါဒများ ပြောင်းလဲကျင့်သုံး၍ ဆန်စပါးဈေးကွက်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းကာ အပြည်အဝ တာဝန်ယူဆောင်ရွက် စေတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကမ္ဘာဘဏ်မှ Senior Ecinomist Mr.Paavo Eliste တို့ဦးဆောင်သော ကိုယ်စာလှယ်အဖွဲ့နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးရုံး၌ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က ယခုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဆန်စပါးမူဝါဒများကိုပြောင်းလဲ၍ ပုဂ္ဂလိကသို့တာဝန်ယူစေခြင်းကြောင့် တောင်သူလယ်သမားများ၏ ဘဝတိုးတက်ရေးနှင့် မြန်မာ့ လယ်ယာကဏ္ဍ မြှင့်တင်ရေးတို့တွင် အထောက်အကူကောင်းများ ရှိလာစေနိုင်မည့်အပြင်၊ လိုအပ်သောနည်းပညာ အကူအညီများကိုလည်း စီးပွား/ကူးသန်းဝန်ကြီးဌာနမှ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လက်ရှိအချိန်တွင် ပြည်တွင်းရှိ ဆန်စပါးဆိုင်ရာ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လိုအပ်သောဆန်မှုဝါဒများကို ချမှတ်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာလယ်ယာကဏ္ဍကုန်သွယ်မှု ဖွံဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ခေတ်နှင့် လျော်ညီသော ဆန်စပါးမှုဝါဒများ ရေးဆွဲနိုင်ရေးနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရေးတို့အတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
 
transparencymyanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1