Thursday, November 29, 2012
အင်ဒိုနီးရှားနိုင်ငံရှိ လိုကွန်မီးတောင် ပေါက်ကွဲ
Ever November | 11/29/2012 04:53:00 PM |
နိုင်ငံတကာသတင်း

အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူလာဝေစီပြည်နယ်ရှိ လိုကွန်မီးတောင်ကြီးသည် နိုဝင်ဘာ ၂၇ ရက်က ပေါက်ကွဲခဲ့ပြီး မီးခိုးနှင့် ပြာမှုန်များ ဝေဟင်အထက်သို့ ပျံ့လွင့်နေခဲ့ကြောင်း၊ သေကျေပျက်စီးမှုနှင့် ကယ်ဆယ်ရေး ဆောင်ရွက်မှုများ ထုတ်ပြန်ခြင်းမရှိကြောင်း ဒေသဆိုင်ရာ အရာရှိများက ပြောကြားသည်။ မြောက်ဆူလာဝေစီပြည်နယ်ရှိ အဆိုပါ လိုကွန်မီးတောင်ကြီးသည် နိုဝင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၅ မိနစ်က ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားပြီး ပြာမှုန်များ ဝေဟင်အထက် ၃ ဒသမ ၅ ကီလိုမီတာအမြင့် ရောက်ရှိခဲ့ကြောင်း၊ မီးတောင်အနီးဝန်းကျင် နေထိုင်သူများအား သတိပေးချက်များ ထုတ်ပြန်ပေးထားကြောင်း သိရသည်။ မီးတောင်အနီးနေထိုင်သူ အများအပြားကိုလည်း ဘေးလွတ်ရာတွင် နေထိုင်ရန် သတိပေးထားကြောင်း၊ ယခုအချိန်အထိ ကယ်ဆယ်ရေးများ ဆောင်ရွက်ရန် မလိုအပ်သေးကြောင်း၊ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန်ခွဲရေးဌာနမှ ပြောကြားခဲ့သည်။
khitlunge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment