Thursday, November 29, 2012

လမ်းပတ်ကို ချိန်ရွယ်နေသော အသင်းများတွင် မိုနာကို ပါဝင်လာ

Ever November | 11/29/2012 04:41:00 PM | Best Blogger Tips

ချယ်လ်ဆီး ကွင်းလယ် ကစားသမား ဖရန့်ခ်လမ်းပတ် အတွက် တန်းစီနေသော ကလပ် အသင်းများတွင် မိုနာကိုလည်း ပါဝင် လာခဲ့ကြောင်း သိရှိရသည်။
ပြင်သစ် ကလပ်အသင်း နည်းပြဖြစ်သူ ကလော်ဒီယို ရာနေရာရီသည် ၎င်း၏ တပည့်ဟောင်းကို စိတ်ဝင်တစား ရှိနေကြောင်း သတင်းများက ဆိုသည်။ အခြားပြင်သစ် ကလပ်အသင်း တစ်ခုဖြစ်သော PSGသည်လည်း အသက်(၃၄)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်အား စောင့်ကြည့်နေဆဲ ဖြစ်သည်။ ထို့အပြင် တရုတ်ကလပ် ဂွီဇူရန်ဟီနှင့် အမေရိကန် ကလပ် လော့စ်အန်ဂျလိစ် ဂလက်စီ အသင်းများသည်လည်း လမ်းပတ်၏ အနာဂတ်အတွက် လမ်းဖွင့် ထားကြကြောင်း သတင်းများက ဆိုသည်။
ရုရှားဘီလျံနာ သူဌေး ဒီမီထရီ ရိုင်ဘိုလော့ဗ်လက်ဗ်၏ ကျောထောက်နောက်ခံ ပြုမှုကို ရရှိထားသော မိုနာကိုသည် လမ်းပတ်အကူအညီဖြင့် အသင်း၏ တိုက်စစ်ပံ့ပိုးမှု စွမ်းရည်ကို မြှင့်တင်ရန် မျှော်လင့်နေသည်။ မိုနာကိုသည် ပြီးခဲ့သည့် ဘောလုံးရာသီက ပြင်သစ် ပထမတန်းမှ တန်းဆင်းခဲ့ရသော အသင်းလည်း ဖြစ်သည်။ နည်းပြ ရာနေရာရီသည် ချယ်လ်ဆီးကို ကိုင်တွယ်နေစဉ်က လမ်းပတ်ကို ဝက်စ်ဟမ်း ယူနိုက်တက်ထံမှ ခေါ်ယူခဲ့သူလည်း ဖြစ်သည်။ ၎င်းက မိုနာကိုအား ပြင်သစ်တွင် ထိပ်တန်းကလပ် တစ်ခုအဖြစ် ပြန်လည် မွမ်းမံ တည်ဆောက်ရာတွင် လမ်းပတ်ထံမှ အကူအညီကောင်းများ ရရှိနိုင်မည်ဟု ယုံကြည်နေသည်။

ချယ်လ်ဆီး အသင်း မန်နေဂျာ ရာဖေးလ် ဘင်နီတက်ဇ်သည် အစောပိုင်းက လမ်းပတ်နှင့် နောက်ခံလူ အက်ရှ်လေကိုးလ်တို့သည် အသင်းကို စွန့်ခွာဖြစ်ဖွယ် ရှိနေကြောင်း အတည်ပြု ပြောဆိုထားခဲ့သေးသည်။
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1