Friday, November 2, 2012

အိန္ဒိယအရှေ့တောင်ပိုင်းတွင် နီလမ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်

Ever November | 11/02/2012 04:33:00 PM | Best Blogger Tips

နီလမ်ဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာ ၃၁ ရက် ညနေက အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း ကမ်းခြေသို့ ၀င်ရောက်တိုက်ခတ်ခဲ့ပြီးနောက် လောင်စာဆီတင်ယာဉ် တစ်စင်း သောင်တင်နေခဲ့ရာ အနည်းဆုံး ခုနစ်ဦး သေဆုံးခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။ အဆိုပါ သောင်တင်နေသည့် သင်္ဘောဆီသို့ ကူးတို့လှေငယ်တစ်စင်း သွားရောက်ကယ်ဆယ်ခဲ့ရာ လောင်စာဆီတင်ရေယာဉ်မှ သင်္ဘောသား တစ်ဦးအပါအ၀င် ငါးဦးမှာ ရေထဲကျသေဆုံးသွားကြောင်း၊ တမီနာဒူပြည်နယ် ချင်းနိုင်မြို့အနီးတွင် အခြားရေယာဉ်များလည်း တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ လောင်စာဆီတင်သင်္ဘောမှ ပျောက်ဆုံးနေသော သင်္ဘောသား ခြောက်ဦးအတွက် ကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ ချင်းနိုင်မြို့တွင် ယင်းဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူပေါင်း ၄၀၀၀ နီးပါးအား မုန်တိုင်းဘေးမှ လွတ်မြောက်ရန် ကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့ရသည်။ ယင်းဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယရှိ တမီနာဒ၊ အင်ဒရာရာဒေ့ရှ်ပြည်နယ်များနှင့် ပွန်ဒီချယ်ရီမြို့သို့ ၀င်ရောက်တိုက်ခဲ့ပြီး တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ နှုန်းဖြင့် လေပြင်းများ တိုက်ခတ်ခဲ့သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1