Thursday, November 29, 2012

ကြေးနီတောင် သပိတ်စခန်းဖြိုခွဲခံရစဉ် မီးလောင်ဒဏ်ရာရသည့် လူနာ မန္တလေးဆေးရုံကြီးသို့ လာရောက်ဆေးဝါးကုသ

Ever November | 11/29/2012 12:39:00 PM | Best Blogger Tips

ကြေးနီတောင် စီမံကိန်း သပိတ်စခန်း ဖြိုခွဲခံရစဉ် မီးလောင်ဒဏ်ရာရရှိခဲ့သည့် ဆရာတော် ဦးတိက္ခဥာဏမှာ နိုဝင်ဘာ၂၉ရက်နံနက်ပိုင်းတွင်မန္တလေး ဆေးရုံကြီးသို့လာရောက်ဆေးဝါးကုသမှုခံ
ယူနေကြောင်း သတင်းရရှိသည်။

လက်ပန်းတောင် မြန်မာဝမ်ပေါင် ကုမ္ပဏီရှေ့ သပိတ်စခန်းတွင် ကြေးနီတောင်စီမံကိန်း ရပ်ဆိုင်းရေးဆန္ဒထုတ်ဖော်နေစဉ် နိုဝင်ဘာ ၂၉ ရက်ည ၃ နာရီအချိန်ခန့်တွင် ဗုံးခွဲဖြိုခွင်းခံရခြင်းဖြစ်ကြောင်း ဆရာတော်မှာ အသက် ၆၄ နှစ်၊

ဝါတော် ၁၂ ၀ါရှိပြီဖြစ်ပြီးဖြိုခွဲခံရသည့်သတင်းကြောင့်မန္တလေးဆေးရုံကြီးသို့ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ဆရာတော်၏ (သား)လူနာစောင့် ကိုနေသူရိန်ကပြောသည်။

ဆရာတော် ဦးတိက္ခဥာဏမှာ မင်းတိုင်ပင်ရွာ၊ ခေါသန္နီကျောင်းတွင်သတင်းသုံနေထိုင်ပြီး၊မန္တလေးဆေးရုံကြီး အရေးပေါ်လူနာဌာနတွင် မီးလောင်ဒဏ်ရာရ လူနာအဖြစ် ဆေးဝါးကုသနေသည်။
ဓာတ်ပုံ- မောင်တာ
7 Day News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1