Friday, November 30, 2012

အခွန်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ၀န်ဆောင်မှုစင်တာမှ ဖြေရှင်းပေးမည်

Ever November | 11/30/2012 11:31:00 AM | Best Blogger Tips
ပြည်ပလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းအခွန်ပေးဆောင်ခြင်းများနှင့် ပတ်သက်ပြီး သိရှိလိုသည်များအား နေပြည်တော်သို့ သွားရောက်ရန် မလိုတော့ဘဲ ရန်ကုန်မြို့ကျောက်တံတားမြို့နယ်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံးသို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။
 
ပြည်တွင်းအခွန်များဦးစီးဌာနများအနေဖြင့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ သိရှိလိုသည့်အချက်များ ၊ နစ်နာမှုဆိုင်ရာ ကိစ္စရပ်များအား ဖြေရှင်းပေးခြင်းနှင့် အခွန်ဦးစီးဌာနမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များကို လည်း ဖြေကြားဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး   ဒေါ်ခင်ယမုန်အောင်က ပြောသည်။
 
ပြည်ပလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံက အခွန်တွေအကြောင်း သိချင်ရင် နေပြည်တော်ထိ တကူးတက သွားစရာမလိုတော့ဘဲ ရန်ကုန်မှာပဲ အခွန်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုအခွန်တွေရှိတယ်၊ လုပ်ငန်းရှင်အနေနဲ့ အလုပ်သမားလစာပေးရာမှာ လစာဝင်ငွေခွန်ကို ဖြတ်တောက် ပေးဆောင်မှုတာဝန်တွေနဲ့ ပတ်သက်ပြီး မေးမြန်းတာတွေ တခြားအခွန်နဲ့ပတ်သက်ပြီး မကျေလည်မှု ရှိတာတွေကိုလည်း ဖြေရှင်းပေးတာမျိုးတွေ တခြားသိလိုတာတွေလည်း မေးမြန်းလို့ရပါပြီ ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ယမုံအောင်က ပြောသည်။
 
ရန်ကုန်၌ ယခုကဲ့သို့ ဌာနဆိုင်ရာ ၀န်ထမ်းများမှ အခွန်ဆိုင်ရာ ၀န်ဆောင်မှုပေးနေခြင်းမှာ ကောင်းမွန် ကြောင်း နှင့် အနောက်နိုင်ငံများမှ လုပ်ငန်းရှင်များအနေဖြင့် အမြတ်ရှိမှသာ အခွန်ဆောင်ရပြီး ၊ အမြတ်မရှိပါက အခွန်ထမ်းဆောင်ရန် မလိုကြောင်း ပြည်ပ၀န်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးက သူ၏ အတွေ့အကြုံကို ပြောပြသည်။
 
အနောက်နိုင်ငံတွေမှာချမ်းသာတာကိုဇိမ်ခံပစ္စည်းတွေနဲ့မတိုင်းတာဘူး၊အခွန်ထမ်းဆောင်တာနဲ့ သတ်မှတ်တယ် လုပ်ငန်းလုပ်လို့ ရှုံးရင် အခွန်ထမ်းစရာမလိုဘူး၊ မြတ်မှထိုက်သင့်တဲ့ အခွန် ထမ်းဆောင်ရမှာ ၊ အခွန်နဲ့ပတ်သက်လို့ မရှင်းလင်းတာ မသိတာတွေကို မေးမြန်းလိုရမယ့် ဌာနတစ်ခု ရှိလာတယ် ဆိုတော့ ကောင်းတာပေါ့ဟု ပြည်ပ ၀န်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
 
ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံနေသော အခွန်များမှာ ၀င်ငွေခွန် ၊ ကုန်သွယ်ခွန် ၊ တံဆိပ်ခေါင်းခွန် နှင့် အောင်ဘာလေခွန် ဟူ၍ လေးမျိုးရှိပြီး စီးပွားရေးလုပ်ငန်းရှင် အခွန်ထမ်းများနှင့် အများဆုံးပတ်သက်သည့် အခွန်မှာ ကုန်သွယ်လုပ်ငန်းခွန် နှင့် ၀င်ငွေခွန် ဟူ၍ နှစ်မျိုးသာရှိသည်ဟု သိရှိရသည်။
 
စားသောက်ဆိုင်လုပ်ငန်းသည် ကုန်သွယ်လုပ်ငန်းခွန်သည် ကျသင့်သော ၀န်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်ပြီး  ကုန်သွယ်ခွန်နှုန်းကို၂၀၁၂ခုနှစ် ဧပြီလ (၁)ရက်နေ့တွင် ၁၀ရာခိုင်နှုန်းမှ ၅ရာခိုင်နှုန်းအထိ လျော့ချပေးခဲ့သည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်ခင်ယမုန်အောင်က ဆက်လက် ပြောဆိုသည်။
 
ဥပမာ စားသောက်ဆိုင် လုပ်ငန်းဆိုရင် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်တယ်၊ ဒီနှစ် ဧပြီလကစပြီး ၁၀ရာခိုင်နှုန်း ပေးဆောင်ရာကနေ အခု၅ရာခိုင်နူန်းအထိ လျှော့ချပေးလိုက်တယ်၊ ၀င်ငွေခွန်နူန်း ထားကတော့ ကုမ္ပဏီအနေနဲ့ စားသောက်ဆိုင်ဖွင့်ရင် အမြတ်ငွေရဲ့ ၂၅%ထမ်းဆောင်ရမယ် ၊ တစ်ဦးချင်း အနေနဲ့ဆိုရင် ၂%မှ၃၀% အထိ အမြတ် အနည်းအများပေါ်မူတည်ပြီး ထမ်းဆောင်ရတယ်ဟုပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်ယမုန်အောင်က ပြောသည်။
 
မြန်မာတစ်နိုင်ငံလုံးမှ ကောက်ခံရရှိသောအခွန်ငွေများကို မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ပေးသွင်းရပြီး နိုင်
ငံတော်၏ အခွန်ရငွေအဖြစ် ယင်းအခွန်ငွေများကို လွှတ်တော်အဆင့်ဆင့်မှ ပညာရေး ၊ ကျန်းမာရေး ၊ ဆောက်လုပ်ရေးနှင့် နိုင်ငံတော်၏ လုပ်ငန်းများတွင် မည်သို့သုံးစွဲမည်ကို ဆွေးနွေးဆုံးဖြတ်ကြောင်း ၄င်းကဆက်လက် ပြောဆိုသည်။
 
အခွန်ဆိုင်ရာဝန်ဆောင်မှုရုံးစတင်ဖွင့်လှစ်သည့် အောက်တိုဘာ(၁၉)ရက်နေ့မှစ၍ နိုဝင်ဘာ(၂၈)ရက်နေ့အထိ အခွန်နှင့်ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ လာရောက်ဆွေးနွေးမေးမြန်းမှု အကြိမ်ပေါင်း (၂၁၈)ကြိမ်ရှိခဲ့ပြီး အများဆုံးလာရောက်မေးမြန်းခြင်းကိစ္စရပ်မှာ ပြည်ပမှရင်းနှီးမြုပ်နှံမှုစတင်လုပ်ကိုင်မည့် လုပ်ငန်းရှင်များမှ မြန်မာနိုင်ငံ၏ အခွန်စနစ်နှင့် ပေးဆောင်ရန် အခွန်နှုန်းထားများအပါအ၀င် မြန်မာနိုင်ငံနှင့် အခွန်(၂)ထပ်မကျသင့်စေရေး စာချုပ် (DTA ) ချုပ်ဆိုထားသော နိုင်ငံများမှ လာရောက်ရင်းနှီးမြုပ်နှံသူများအနေဖြင့် အခွန်ကျသင့်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်ဟု သိရှိရသည်။
 
အခွန်ဆိုင်ရာဝန်ဆောင်မှုရုံးကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ အမှတ် ၅၉-၆၁ မြေညီထပ် တွင် အောက်တိုဘာလ ၁၉ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။
သန့်ဇင်ဝင်း(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1