Friday, November 2, 2012

ဗန်ပါစီသည် မန်ယူ အတွက် ခမ်းနားသော အထောက်အကူမျိုးဟု ဂစ်ဝန်ခံ

Ever November | 11/02/2012 04:15:00 PM | Best Blogger Tips
မန်ယူတွင် တောက်ပနေသည့် ဗန်ပါစီ

ရော်ဘင် ဗန်ပါစီသည် ယခုရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အလွန် ကြီးကျယ်သော အထောက်အကူ တစ်ခု ဖြစ်လာစေကြောင်း ရိုင်ယန်ဂစ်က ဝန်ခံ ပြောကြားလိုက်သည်။
အစဉ်အလာ ပြိုင်ဘက်ဟောင်း အာဆင်နယ်၏ အသင်းခေါင်းဆောင် ဘဝမှ အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ ခြေချလာသည့် နယ်သာလန် လက်ရွေးစင်မှာ ပရိသတ်တို့၏ သံသယ မျက်ဝန်းများနှင့် စောင့်ကြို ရင်ဆိုင်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း အသက်(၂၉)နှစ်ရှိ နယ်သာလန်သားသည် မန်ယူတွင်လည်း ၎င်း၏ တောက်ပမှုကို ဆက်လက် ပြသပြီး အသင်းအတွက် (၁၂)ပွဲကစားကာ (၉)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ပေးထားခဲ့သည်။ ဗန်ပါစီသည် စနေနေ့တွင် ၎င်း(၈)နှစ်ကြာ ကျင်လည်ခဲ့သည့် အသင်းဟောင်းကို မန်ယူ အသင်း၏ အိမ်ကွင်း၌ ပထမဆုံး အကြိမ် မျက်ဝါးထင်ထင် ပြန်လည် ရင်ဆိုင်မည် ဖြစ်သည်။
အသက်(၃၈)နှစ်ရှိ ဝါရင့် ဝေလ တောင်ပံ ကစားသမားကြီး ဂစ်က "တကယ်တော့ အသင့်သုံးနိုင်တဲ့ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက် အသင်းကို ရောက်လာတာဟာ အကောင်းဘက်ကချည်းပါပဲ။ ဗန်ပါစီဟာ ဒီလို ကစားသမားမျိုးပါ။ အသင်းကို သူရောက်လာကတည်းက ကစားပုံအရရော၊ သွင်းဂိုးတွေအရပါ သက်သေပြခဲ့ပြီးပြီ မဟုတ်လား"ဟု ဆိုသည်။ ဂစ်က "ပြောရရင် သူ့ရဲ့ တည်ကန်ဘောတွေကနေ ဘောလုံးပေးပို့နိုင်စွမ်းဟာ ကျွန်တော်တို့အတွက် သိပ်အရေးပါခဲ့ပါတယ်။ ဒါကြောင့်လည်း မန်ယူဟာ ထောင့်ကန်ဘောနဲ့ တည်ကန်ဘောတွေကနေ သွင်းဂိုးတွေ ပိုရလာပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ကျွန်တော်တို့ အဲဒီစွမ်းရည် လျော့နည်းနေခဲ့ပါတယ်။ ဗန်ပါစီဟာ အသင်းအတွက် ဂိုးသွင်းပေးရုံ ကူညီနေတာ မဟုတ်ပါဘူး။ ဂိုးသွင်းသူ စာရင်းမှာ တခြားနာမည်တွေ ပါလာဖို့ပါ ကူညီနေသူ ဖြစ်ပါတယ်"ဟု အသင်းဖော်အား ချီးကျူးပြောကြားသွားခဲ့သည်။ 
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1