Friday, November 2, 2012

လူးကက်စ် (၃)ပတ်အတွင်း ပြန်ကစားနိုင်ကြောင်း ရော့ဂျာ ပြောကြား

Ever November | 11/02/2012 04:21:00 PM | Best Blogger Tips
လီဗာပူးလ်အတွက် ပြန်ကစားနိုင်တော့မည့် လူးကတ်စ်

လီဗာပူးလ် အသင်း ကွင်းလယ် ကစားသမား လူးကက်စ် လီဗာသည် အသင်းအတွက် (၃)ပတ်အတွင်း ပြန်ကစားပေးနိုင်ဖွယ် ရှိနေကြောင်း သိရသည်။
အသင်း မန်နေဂျာ ဘရန်ဒန် ရော့ဂျာက သတင်းကောင်းကို အတည်ပြုခဲ့ပြီး မကြာမီတွင် ဘရာဇီးလ် လက်ရွေးစင်၏ ပညာသားပါသော ကွင်းလယ်ခံစစ် ကစားပုံများကို ပြန်လည် တွေ့မြင်ရတော့မည်ဟု ပရိသတ်အား အသိပေးခဲ့သည်။ အသက်(၂၅)နှစ်ရှိ လူးကက်စ်သည် ဒူးဒဏ်ရာကြောင့် ပြီးခဲ့သည့် ဘောလုံးရာသီက (၇)လမျှ အနားယူခဲ့ရသည်။ ၎င်းသည် အသင်းအတွက် ပြန်ကစားပေးရင်း ဩဂုတ်လက မန်ချက်စတာ စီးတီးနှင့် ပွဲစဉ်တွင် နောက်ထပ် ကြွက်သားဒဏ်ရာ ထပ်ရပြီး အနားယူနေရခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအခါ လီဗာပူးလ်သည် ဝှိုက်ဟတ်လိန်းတွင် တော့တင်ဟမ် ဟော့စပါးနှင့် ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် လူးကက်စ် ပါဝင်နိုင်ရန် မျှော်လင့်ခွင့် ရှိလာခဲ့သည်။ ရော့ဂျာက "လူးကက်စ်ဟာ (၃)ပတ်လောက်အတွင်း ပြန်ကစားနိုင်ဖို့ ရှိပါတယ်။ သူဟာ ကွင်းထဲမှာ အပေါ့စား လေ့ကျင့်ခန်း ပြန်ဆင်းနေပါပြီ။ ဦးတည်ချက်အမျိုးမျိုး ရွေ့လျား ပြေးလွှားတာမျိုးတော့ မလုပ်နိုင်သေးပါဘူး။ ဒါပေမဲ့ လမ်းကြောင်းတည့်တည့် ပြေးတာမျိုးကို တော်တော် လုပ်နေနိုင်ပါပြီ။ ကျွန်တော်တို့ကတော့ (၃)ပတ်လောက် အတွင်း သူပြန်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ပီသစွာ နေထိုင်ဆင်ခြင်မှုတွေကြောင့် မျှော်လင့် ထားတာထက် ပိုပြီးလည်း စောကောင်း စောနိုင်ပါတယ်"ဟု အသင်းဝက်ဘ်ဆိုက်သို့ ထုတ်ဖော် ပြောဆိုသွားခဲ့သည်။ 
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1