Friday, November 30, 2012

“မျက်နှာဖုံးကွာကျတဲ့ တန်းဆောင်တိုင်ည”

Ever November | 11/30/2012 12:12:00 PM | Best Blogger Tips
သပိတ်စခန်းဖြိုခွင်းမှုကြောင့် မီးလောင်ဒဏ်ရာရသံဃာတော်များ မုံရွာဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ်။
 (နိုဝင်ဘာ ၂၉၊ ၂၀၁၂။)   
ဘုရား………ဘုရား…………
ဘုရားတသံတွေနဲ့အတူ
ပြေးကြလွှားကြနဲ့
တန်းဆောင်တိုင်လပြည့်ည
သန်းခေါင်ကျော် အခါကာလမှာ
ငရဲခန်းတခု
ခွေးမြီးကောက် ကျည်တောက်စွပ်ထားတဲ့
လူမိုက်တစု ထုဆစ်ခဲ့ကြတယ်။

တပ်ဦးက ဘုရားသား
မဏ္ဍိုင်က ပစ္စည်းမဲ့လူတန်းစား
အကြောင်းတရားက ညီမျှခြင်းချရုံပါ
အမှားတခုမှ မပါခဲ့ပါဘူး
အကျိုးတရားက
အသားညှော်နံ့တွေ
တပြည်လုံး ပြန့်နှံ့သွားတယ်။

လက်နက်ချင်းအားပြိုင်ချိန်မှာတောင်
ငြိမ်းချမ်းရေးချိန်ခွင်လျှာ ညှိနေကြသေးဆိုပဲ
လက်ဗလာနဲ့ ပြည်သူလူထုကတော့
ဒီမိုကရေစီအတုပေါ်မှာ
သွေးစက်လက်နဲ့ ပိုးလိုးပက်လက်ဖြစ်ကောင်းတုန်း…။

ဟန်ဆောင်ပန်ဆောင်အပြုံး
အယောင်ဆောင်မျက်နှာဖုံးနဲ့
အာဏာရှင်ရုပ်လုံးကို
လက်ပန်းတောင်းတောင်က အဆုံးသတ်ပေးခဲ့တယ်။

တကယ်တော့………
အမှားအယွင်းက တခုပဲရှိတာပါ။
မင်းသားတွေ ဘယ်လောက်ထွက်ထွက်
ပြကွက်က ဖန်တရာတေနေတယ်
အစွယ်လိုသူလည်း ဒင်းပါပဲ…..
အသွားစေခိုင်းသူလည်း ဒင်းပါပဲ….
လေးပစ်သူလည်း ဒင်းပါပဲ….။ ။

မောင်ပါလ
၂၉.၁၁.၂၀၁၂
moethihaaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1