Sunday, November 4, 2012

တော်ဝင် လုပ်သားများ အစာငတ်ခံ၍ ဆက်လက်ဆန္ဒပြနေ

Ever November | 11/04/2012 05:40:00 PM | Best Blogger Tips

ရွှေပြည်သာ ၀ါးတစ်ရာရှိ တော်ဝင်သစ်အချောထည်စက်ရုံမှ လုပ်သားများအား ဆောက်လုပ်ရေး လုပ်ငန်းများတွင် ခိုင်းစေမှုနှင့် ပတ်သက်၍ အလုပ်ရှင်နှင့် ညှိနိုင်းမှု မရနိုင်သောကြောင့် အစာငတ်ခံ ဆန္ဒပြမှု ဆက်လက် ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။
 
အဆိုပါ ဆန္ဒပြမှုအား အောက်တိုဘာလ (၂၅) ရက်နေ့မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အလုပ်ရှင်မှ ဖြေရှင်းမှု မရှိခြင်းကြောင့် (၈) ရက် မြောက်နေ့တွင် အလုပ်သမား(၁၀)ဦးမှ အစာငတ်ခံ ဆန္ဒပြ နေခြင်းဖြစ်သည်။
 
စက်ရုံအလုပ်သမားများကို ဆောက်လုပ်ရေးလုပ်ငန်းများ၌ ခေါ်ယူခိုင်းစေမှုများကြောင့် ဆန္ဒပြရခြင်း ဖြစ်ကြောင်း အလုပ်သမားတို့က ဆိုသည်။
 
အပြင်ဆိုဒ်ကိုပို့လို့ ဒီစက်ရုံမှာ အမြဲတမ်းပြဿနာ တက်နေတာ စက်ရုံအတွက်ဆိုပြီး အလုပ်သမား တွေ ခေါ်တယ်။ ပြီးတော့အပြင်ဆိုဒ်တွေမှာ လိုလို့ရှိရင် ပို့ပစ်တယ်။ အပြင်ဆိုဒ်ပို့လိုက်လို့ အဲဒီ ဆိုဒ်ပြီး သွားရင်လည်း အဲ့လူတွေက အလုပ်ပြုတ်ဖို့များတယ်။ အဲဒါကို မကျေနပ်ကြတာ။ဟု အလုပ်သမား အရေးဆောင်ရွက်သူ ကိုကျော်ကျော်က ပြောသည်။
 
စက်ရုံထဲမှအလုပ်သမားများအား ကဏ္ဍခွဲကာ အပြင်ဆိုဒ်သို့ပို့ပြီး ခိုင်းစေရာတွင်လည်း မဆိုင်သည့် အလုပ်များ ခိုင်းစေခြင်း ဆောက်လုပ်ရေးလုပ်ငန်းပြီးစီးသည့် အခါတွင်လည်း စက်ရုံတွင်းပြန်လည် အလုပ်ပေးခြင်းမရှိပဲ လုပ်သားလျှော့ပေါ့ခံရနိုင်သောကြောင့် အပြင်ဆိုဒ်သို့ မသွားလိုခြင်းဖြစ်ကြောင်း သိရှိရသည်။
 
အဆိုပါ စက်ရုံတွင် ဆောက်လုပ်ရေးလုပ်ငန်းများသို့ပို့သည့် ကိစ္စရပ်များ ယခင်အချိန်များကပင်  ပြဿနာဖြစ်ပွားလျှက်ရှိကြောင်း အလုပ်သမားများက ဆိုသည်။
 
အရှေ့ပိုင်းမှာ ဖြစ်နေတာလည်း အဲဒါပဲ။ အပြင်ဆိုဒ်ကို ပို့တဲ့ ကိစ္စနဲ့ ချည်းပဲ ပြဿာနာတတ်နေ ကြတာ။ သမဂ္ဂ အဖွဲ့ဝင်တွေကို ရွေးပြီးပို့တဲ့အတွက်ကြောင့် ဆန္ဒပြပွဲတွေဖြစ်တယ်။ စာချုပ်တွေ ချုပ်တယ်။ စာချုပ်တွေကို ဖောက်ဖျက်ပြီးတော့ အလုပ်သမားတွေနဲ့ ညှိနိုင်းမှုမရှိပဲ အပြင်ဆိုဒ် တွေပို့တယ်။ အဲဒါကြောင့် ဆန္ဒပြကြတာ။ ဟု ကိုကျော်ကျော်က ရှင်းပြသည်။
 
ဆောက်လုပ်ရေးလုပ်ငန်းများသို့ ခေါ်ရာတွင် အလုပ်သမားအချို့သာ လိုက်ပါခြင်းရှိခဲ့ပြီး အဆိုပါ လိုက်ပါသော အလုပ်သမား များသည်လည်း မဆိုင်သည့် အလုပ်များခိုင်းစေသောကြောင့် ပြန်လည် ရောက်ရှိကာ ဆန္ဒပြနေသူများနှင့် ပူးပေါင်း၍ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
 
“ကျွန်တော်တို့ကတော့ မရမချင်းတောင်းဆိုသွားမှာပါ။ စစခြင်းကငြိမ်သက်စွာ တောင်းဆိုတယ်။   နောက်တော့ ကြွေးကြော်သံတွေနဲ့တောင်းတယ်။ ခုနောက်ဆုံး အစာငတ်ခံဆန္ဒပြတဲ့ ရောက်လာပါပြီ။ ဟု ဆန္ဒပြအလုပ်သမားတစ်ဦးက ပြောသည်။
 
အလုပ်ခန့်ထားမှုဆိုင်ရာ နှစ်ဖက်သဘောတူစာချုပ် (E.C) စာချုပ် ချုပ်ဆိုပေးရန်၊ လူမှုဖူလုံရေး ကဒ်ပြု လုပ်ပေးရန်၊ စည်းကမ်းချက်များ သတ်မှတ်ရာတွင် အလုပ်သမားများနှင့် ညှိနိုင်းပြီးမှ ချမှတ်ပေးရန် စသည့် အချက်များကို အဓိကတောင်းဆိုနေခြင်းဖြစ်သည်ဟုလည်း သိရှိရသည်။
 
အဆိုပါ စက်ရုံတွင် အလုပ်သမား (၁၀၀၀)ကျော် ရှိကာ အလုပ်သမား (၂၆၀) ခန့် ဆန္ဒပြတောင်းဆို နေခြင်း ဖြစ်ပြီး ထိုထဲမှ (၁၀)ဦးမှာ အစာငတ်ခံဆန္ဒပြ တောင်းဆိုနေခြင်းဖြစ်သည်။
ထွန်းနေအောင် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1