Thursday, November 29, 2012

မန်စီးတီးသည် ပြိုင်ဘက် ဧရိယာထဲတွင် အန္တရာယ် ပေးနိုင်စွမ်း လျော့နည်းနေကြောင်း မန်စီနီ ဝေဖန်

Ever November | 11/29/2012 04:28:00 PM | Best Blogger Tips

မန်ချက်စတာစီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက ၎င်း၏အသင်း တိုက်စစ်ပိုင်းသည် ပြိုင်ဘက် ဂိုးဧရိယာထဲတွင် အန္တရာယ်ပေး ခြိမ်းခြောက်နိုင်စွမ်း လျော့ကျနေကြောင်း ဝေဖန်ခဲ့သည်။
ဆာဂျီယို အဂူရို၊ အီဒင်ဂျက်ကို၊ ကားလို့စ်တီဗက်ဇ်နှင့် မာရီယို ဘာလော့တယ်လီတို့ တိုက်စစ်မှူး (၄)ဦးအတွက် ဝယ်ယူရန် ပြောင်းရွှေ့စရိတ်သက်သက် ပေါင်စတာလင် သန်း(၁၁၀)ထိ ကုန်ကျထားသော်လည်း မန်စီနီက မိမိအသင်း တိုက်စစ်စွမ်းရည်မှာ လုံလောက်မှု မရှိဟု ခံစားနေရသည်။ အထူးသဖြင့် စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ချယ်လ်ဆီးနှင့် ကစားခဲ့သည့် နောက်ဆုံးပွဲစဉ်တွင် မန်စီးတီးမှာ ပွဲချိန်အများစုကို လွှမ်းမိုးထားနိုင်သော်လည်း လိုအပ်သည့် ဂိုးသွင်းစွမ်းရည် ပျောက်ဆုံးနေခဲ့ကြောင်း မန်စီနီက ယူဆလျှက်ရှိသည်။
အီတလီသား မန်နေဂျာကြီးက "ကျွန်တော်တို့အသင်း ဘယ်နှကြိမ်လောက် ထောင့်ဖြတ်ဘောတွေ ရိုက်တင်ခဲ့တယ် ဆိုတာကို ကျွန်တော် မသိတော့ဘူး။ ဒါပေမဲ့ တိုက်စစ်က ဘယ်ကစားသမားမှ ဧရိယာထဲ ရောက်မနေဘူး။ ဒါဟာ မဖြစ်သင့်ဘူးလေ။ ကျွန်တော်တို့မှာ တိုက်စစ်မှူးကောင်း (၄)ယောက် ရှိပါတယ်။ ဒါပေမဲ့ သူတို့ကို ပိုကြိုးစားစေချင်တယ်။ ဂိုးတွေ ပိုသွင်းစေချင်တယ်။ တိုက်စစ်မှူးတွေဟာ အခွင့်အရေးရတာနဲ့ အသုံးချနိုင်ဖို့ လိုပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်ပါတယ်။ ဒါပေမဲ့ ဧရိယာထဲမှာ ခုထက်ပိုပြီး ထက်မြက်စေချင်သေးတယ်။ ခုဆိုရင် ကျွန်တော်တို့ ဒုတိယနေရာကို ဆင်းပေးလိုက်ရပြီ။ ဒါကိုတော့ သဘောမကျပါဘူး"ဟု ပြောကြားသွားခဲ့သည်။
Ref: The Sun
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1