Friday, November 2, 2012

ငတ်မွတ်ခေါင်းပါးမှု အပြီးတိုင်ဖယ်ရှားရေး အက်ဖ်အေအိုအကြီးအကဲ တိုက်တွန်း

Ever November | 11/02/2012 04:10:00 PM | Best Blogger Tips

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်တွင် ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် မိမိတို့ ဘ၀တစ်သက်တာ အတွင်းတွင် ကမ္ဘာပေါ်မှ ငတ်မွတ်ခေါင်းပါးမှုကို အပြီးတိုင်ဖယ်ရှားရေး လက်တွဲကြိုးပမ်းဆောင်ရွက်ကြရန် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ညွှန်ကြားရေးမှူးချုပ် ဇီယာနိုဒါဆီးလ်ဗားက တိုက်တွန်းလိုက်သည်။ ကမ္ဘာပေါ်တွင် ငတ်မွတ်ခေါင်းပါးမှု ကင်းမဲ့စေရန် စားနပ်ရိက္ခာ ဆုံးရှုံးမှုနှင့် လေလွင့်မှုများ မရှိရန် လိုအပ်ကြောင်း အက်ဖ်အေအို ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။ ကမ္ဘာပေးတွင် မျက်မှောက်ကာလ ထုတ်လုပ်နေသည့် စားနပ်ရိက္ခာအားလုံး၏ သုံးပုံတစ်ပုံမှာ နှစ်စဉ်လေလွင့်ပျောက်ပျက်လျက်ရှိကြောင်း၊ ထိုဆုံးရှုံးလေလွင့်သည့် စားနပ်ရိက္ခာမှာ ပြည်သူသန်း ၅၀၀ ကို ဆက်လက်ကျွေးမွေးစောင့်ရှောက်နိုင်သည့် ပမာဏရှိကြောင်း ၄င်းက ထောက်ပြပြောကြားသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1