Friday, November 2, 2012

မြန်မာနိုင်ငံအတွက် MBA + Business Placement အစီအစဉ်အား ပထမဆုံးအကြိမ် ကမ်းလှမ်းခံရ

Ever November | 11/02/2012 04:30:00 PM | Best Blogger Tips

ယူကေတွင်MBAသင်ယူလိုသူများအတွက်လက်တွေ့အလုပ်အကိုင်နေရာချထားပေးမူ့အပြင်လစာပါရရှိမည့် အစီအစဉ်ပါရှိသော MBA+ Business Placement ကို University of Portsmouth တွင် လေ့လာသင်ယူနိုင်ရန် သတ်မှတ်အရည်အချင်းပြည့်မှီသူများ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ဆောင်မှုအသိုင်းအ၀ိုင်းက သိရသည်။

 
အဆိုပါ MBA + Business Placement အစီအစဉ်မှာ မြန်မာနိုင်ငံမှကျောင်းသားအနေဖြင့်ပထမဦးဆုံးအကြိမ် ကမ်းလှမ်း ခေါ်ယူခြင်းဖြစ်ပြီး၊ တနှစ်အား MBA သင်ယူ၍ ကျန်တစ်နှစ်ကိုလက်တွေ့ အလုပ်အကိုင်နေရာ ချထားပေးမည့် အစီအစဉ် ဖြစ်သည်။ 
 
MBA နှင့် Business Placement အစီအစဉ်၏ အားသာချက်များအနေဖြင့် Work-based Learning Project ပါရှိသည့် လက်တွေ့ ဘာသာရပ်များကို သင်ကြားခွင့်ရခြင်း၊ စီးပွားရေးလုပ်ငန်းများ၊ အတိုင်ပင်ခံ ပရောဂျက်လုပ်ငန်းများကို တာဝန်ယူလုပ်ကိုင်ခွင့်ရမည်ဖြစ်သည့်အတွက် ၄င်းမှရရှိလာသည့်အတွေ့အကြုံများကို မိမိလုပ်ကိုင်မည့်အဖွဲ့အစည်း အသီးသီးတွင် အသုံးချနိုင်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 
"ဒီပရိုဂရမ်က အင်္ဂလန်မှာလည်း University of Portsmouth တစ်ခုထဲမှာ ပဲရှိပြီး၊ မြန်မာနိုင်ငံကကျောင်းသားတွေ အတွက်လည်း ပထမဆုံး အစီအစဉ်ဖြစ်ပါတယ်၊၊ အင်္ဂလန်လို နိုင်ငံမျိုးမှာ ကျောင်းပြီးတာနဲ့  လစာရတဲ့  အလုပ်အတွေ့  အကြုံတစ်နှစ် ထပ်ရှာပေးမယ့်အစီအစဉ်ဖြစ်တဲ့အတွက်၊ အာရှတစ်လွှား အလုပ်ရှာမယ့် သူတွေအတွက်ရော၊ ကိုယ်ပိုင် လုပ်ငန်းပြန်လုပ်ကိုင်မယ့် သူတွေအတွက်ပါ သင့်တော်တဲ့  ပရိုဂရမ်တစ်ခုဖြစ်ပါတယ်၊၊" ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အကြံပြုပြောကြားသည်၊၊
 
Portsmouth နှင့် European MBA အဖွဲ့များမှလည်း စီးပွားရေးစီမံခန့်ခွဲမူဆိုင်ရာအမြင်များကို လာရောက်ဟောပြောပို့ ချပေးခြင်း၊ ကျောင်းသားများအနေဖြင့်Hot Topic Seminar များ၌ အမြင်ချင်းဖလှယ်နိုင်မည်ဖြစ်ပြီး Organisation Learning from Failures ၊ Exploring Business Spirituality၊ Innovation Management၊ Sales Managementနှင့်  Global Corporate Responsibility အစရှိတဲ့ခေါင်းစဉ်များဖြင့်လည်း  ဆွေးနွေးပြောဆိုနိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်းကိုလည်းသိရသည်။
  From -မြစ်မခ
 
University of Portsmouth ၏ Placement Office မှကျောင်းသားများအား သက်ဆိုင်ရာလုပ်ငန်း ခွင်သို့ ချိတ်ဆက် ပေးမည်ဖြစ်ပြီးဖြစ်ပြီး အကယ်၍အလုပ်အကိုင်မရရှိပါက  တစ်နှစ် MBA ဘွဲ့ကို ရရှိမည်ဖြစ်သည်။
 
IELTS   မှတ်တင်ပြလျှောက်ထားသူများအတွက် ပညာသင်ဆုလျှောက်ထားနိုင်ပြီး၊ (၃၀% မှ ၁၀၀%) အထိ ရွေးချယ်ပေးအပ်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 
ပညာသင်ဆုလျှောက်လွှာလျှောက်ထားရာတွင် မိမိအတွေ့ အကြုံများကိုဖေါ်ပြလျှက် ဤဘာသာရပ်သည် မိမိအတွက် မည်ကဲ့သို့ အကျိုးပြုနိုင်မည်ကို စကားလုံးရေ (၃၀၀) ခန့်ရေးသား၍၄င်း၊ မိမိ၏ စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှု၊ လုပ်ကိုင် ဆောင်ရွက်မှုများကြောင့်မိမိ၏ ဌာန၊ အဖွဲ့အစည်း တိုးတက်ခဲ့ပုံကို စကာလုံး (၅၀၀)ဖြင့်ရေးသားဖေါ်ပြ၍၄င်း၊ အဆိုပါ MBA ကိုလေ့လာသင်ယူပြီးဆုံးပါက မိမိပတ်ဝန်းကျင် မိမိအဖွဲ့အစည်းကိုမည်ကဲ့သို့  အကျိုးပြုမည်ကို စကားလုံး (၂၀၀) ဖြင့် ရေးသားဖေါ်ပြလျှောက်ထားရမည်ဖြစ်သည်။
 
အဆိုပါ  MBA+Business Placement ကို (၂) နှစ်ကြာတက်ရောက်ရမည်ဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တခုခုရရှိ ထားရမည် ဖြစ်ကာ လုပ်ငန်းအတွေ့ အကြုံ(၃)နှစ်နှင့် IELTS 6.5 ရှိသူများလျှောက်ထားနိုင်ပါသည်။
 
နှစ်တစ်နှစ်၏ ဒီဇင်ဘာ၊ မတ် နှင့်မေလနောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်းနှင့် ပညာသင်ထောက် ပံ့ကြေး နှင့်ကျောင်းလျှောက်ထားရန် အသေးစိတ်သိရှိလိုသူများအနေဖြင့် CROWN Education၊ အမှတ်(၂၇၀) ၊ ပထမထပ်၊ အခန်း(1 C) ၊ မြေနီကုန်း၊ ပြည်လမ်း၊နှင့် ဖုန်း ၀၉-၇၃၂ ၇၂၃ ၇၇ ၊ ၀၉- ၅၀ ၈၅ ၁၈၅ သို့ဆက်သွယ်စုံစမ်း မေးမြန်းနိုင်သည်ဖြစ်သည်။
 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1