Tuesday, December 25, 2012

ဆောင်းရာသီတွင် အာဆင်နယ်မှ ထွက်ခွာမည် ဆိုခြင်းကို ဝဲလ်ကော့တ်ငြင်းဆို

Ever November | 12/25/2012 07:08:00 PM | Best Blogger Tips

အာဆင်နယ် အသင်းနှင့် စာချုပ် သက်တမ်းတိုးရန် အပြီးသတ် သဘောတူညီမှု မရရှိသေးသည့်တိုင် ဇန်နဝါရီလတွင် အသင်းမှ ထွက်ခွာမည် ဆိုခြင်းကို သီအို ဝဲလ်ကော့တ်က ငြင်းဆိုလိုက်သည်။
အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမားသည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၇၅၀၀၀)ဖြင့် (၅)နှစ် စာချုပ်ရန် လန်ဒန် ကလပ်အသင်းက ကမ်းလှမ်းထားမှုကို ငြင်းဆိုထားသည်။ ၎င်းသည် ယခုရာသီတွင် အာဆင်နယ်အတွက် အထူးတလည် ခြေစွမ်းပြကာ (၁၁)ဂိုး သွင်းယူပေးထားပြီး ဖြစ်သည်။ ဝဲလ်ကော့တ်သည် အာဆင်နယ်နှင့် သက်တမ်း မတိုးဖြစ်ပါက နွေရာသီတွင် စာချုပ်လက်မဲ့ ကစားသမားအဖြစ် စိတ်ကြိုက် ကလပ်အသင်းများသို့ ကူးပြောင်းနိုင်မည် ဖြစ်သည်။ ထို့ကြောင့် အာဆင်နယ်သည် သက်တမ်းတိုး စာချုပ်မှု အဆင်မပြေပါက ဇန်နဝါရီတွင် ဝဲလ်ကော့တ်ကို ရောင်းထုတ်မည်ဟု သတင်းများက ဖော်ပြခဲ့သည်။
သို့သော်လည်း ဝဲလ်ကော့တ်ကမူ ဇန်နဝါရီတွင် အသင်းပြောင်းမည် ဆိုသော သတင်းများနှင့် အခြား ပြည်ပ ကလပ်တစ်ခုခုနှင့် အကြိုသဘောတူ စာချုပ်တစ်ရပ် ချုပ်ဆိုမည် ဆိုသော သတင်းများ အားလုံးကို ပယ်ချခဲ့သည်။ "ကျွန်တော်ဟာ အာဆင်နယ် ကစားသမားပါ။ လောလောဆယ် အပြောင်းအရွှေ့ ကိစ္စကို စိတ်မဝင်စားပါဘူး။ ဇန်နဝါရီမှာ ပြည်တွင်း ကလပ် တစ်ခုခုကို ပြောင်းကစားဖို့လည်း တွေးမထားပါဘူး"ဟု ဝဲလ်ကော့တ်က ဆိုသည်။ အာဆင်နယ်သည် ယင်းအခြေအနေကြောင့် ရာသီကုန်ထိ ကစားသမားနှင့် စာချုပ်သစ် ဆွေးနွေးခွင့် ရမည် ဖြစ်သော်လည်း မအောင်မြင်ပါကမူ အလွတ်ပြောင်းခွင့် ပေးရမည့် သဘောမျိုး ဖြစ်လာသည်။

ဝဲလ်ကော့တ်ကို မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ခေါ်ယူမည်ဟု သတင်းထွက်နေသော်လည်း ဖာဂူဆန်ကမူ ဇန်နဝါရီ ဈေးကွက်တွင် မည်သည့် ကစားသမားကိုမျှ ဝယ်ယူမည် မဟုတ်ဟု ငြင်းဆိုခဲ့သည်။ အသက်(၂၃)နှစ်ရှိ ဝဲလ်ကော့တ်ကို မန်ချက်စတာ စီးတီး၊ လီဗာပူးလ်နှင့် ချယ်လ်ဆီး အသင်းများကလည်း အပြိုင် ကမ်းလှမ်းဖွယ် ရှိနေကြောင်း သိရှိရသည်။ 
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1