Tuesday, December 25, 2012

ကုလသမဂ္ဂ၏ ဝေဖန်မှုများကို ဂရုမစိုက်ဘဲ အိမ်ရာများဆက်လက် တည်ဆောက် သွားမည်ဟု နေတန်ယာဟု ပြောကြား

Ever November | 12/25/2012 08:11:00 PM | Best Blogger Tips

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ယာဟုသည် နေအိမ် အဆောက်အအုံ အသစ်များ တိုးချဲ့ဆောက်လုပ်မည့် တဲလ်အဗစ် စီမံကိန်းအပေါ် ကုလသမဂ္ဂ၏ ဝေဖန်ပြောကြားမှုများကို သူ့အနေဖြင့် ဘာကိုမျှ ဂရုမစိုက်ဘဲ ဆောက်လုပ်မှုကို ဆက်လက် အရှိန်မြှင့်တင်သွားမည်ဟု ဒီဇင်ဘာ ၂၂ ရက်က ပရက်စ်တီဗွီ သတင်း တစ်ရပ်တွင် ဖော်ပြသည်။ ဝန်ကြီးချုပ် နေတန်ယာဟုသည် ဒီဇင်ဘာ၂၁ ရက်က ပြုလုပ်သည့် အစ္စရေးချန်နယ်တူး အသံလွှင့်ဌာနနှင့် တွေ့ဆုံမေးမြန်းခန်း တစ်ရပ်တွင် အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။ အစ္စရေးနိုင်ငံမြို့တော် ဂျေရုဆလင်သည် သိမ်းပိုက်ခံ နယ်မြေမဟုတ်ဟုလည်း ၄င်းက ထပ်မံပြောကြားခဲ့သည်။ ''အနောက်ဘက်ခြမ်း၌ တားဆီးကာထားသည့် တံတိုင်းသည် သိမ်းပိုက်ခံထားတဲ့ နယ်မြေမဟုတ်ပါဘူး။ ကုလသမဂ္ဂ၏ ဝေဖန်ပြောကြားမှုများကို ကျွန်တော် ဘာမှ ဂရုမစိုက်ပါဘူး”ဟု နေတန်ယာဟုက တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဂျေရုဆလင်တွင် တရားမ၀င် နေအိမ် အဆောက်အအုံအသစ် ၁၆ဝဝ တိုးချဲ့ဆောက်လုပ်ရန် စီမံကိန်းကို အစ္စရေးက ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1