Tuesday, December 25, 2012

ၾသစေၾတးလ် နိုင်ငံအနီး ပင်လယ်ရေအောက် ကြမ်းပြင် ယိုယွင်းမှုကြောင့် ဆူနာမီ ဘေးအန္တရာယ်နှင့် ကြုံတွေ့ လာနိုင်ဖွယ်ရှိ

Ever November | 12/25/2012 07:42:00 PM | Best Blogger Tips


သြစတြေးလျနိုင်ငံ ဂရိတ်ဘယ်ရီယာ သန္တာကျောက်တန်းအနီးရှိ ပင်လယ် ရေအောက် ကြမ်းပြင်၏ ကြီးမားသောအစိတ်အပိုင်းသည် အစောပိုင်းအဆင့် ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာသည့်အတွက် ၎င်းအနီးရှိ ဒေသများသည် ဆူနာမီဒဏ် ခံစားရနိုင်ဖွယ်ရှိကြောင်း ၄င်းနိုင်ငံရှိ ဂျိမ်းစ်ကွတ်တက္ကသိုလ်မှ အဏ္ဏဝါဘူမိဗေဒ ပညာရှင်များက သတိပေး ပြောကြားခဲ့သည်။

ဘူမိဗေဒ ပညာရှင်များသည် ၂ဝဝ၇ ခုနှစ်ကတည်းက သန္တာကျောက်တန်း ၏ အနက်ရှိုင်းဆုံး အပိုင်းကို 3Dအဆင့်မြင့်ရေးဆွဲရေး နည်းပညာ မြေပုံများကို အသုံးပြု၍ လေ့လာမှုများ ပြုလုပ်ခဲ့ကြရာမှ ရေအောက်၌ နက်ရှိုင်းသော ချောက်ကြီးများကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။


ထုထည်အားဖြင့် ၁ ကုဗ ကီလိုမီတာခန့် ရှိသည့် ရေအောက်ကြမ်းပြင် အလွှာကြီးသည် ကုန်းမြေထုနှင့် ဆက်စပ်နေသည့် ကမ်းဦး ရေတိမ်ပိုင်းတွင် တည်ရှိ ကြောင်း သိရသည်။

ရေအောက်ကြမ်းပြင်အလွှာကြီးသည် ယခုလက်ရှိအချိန်တွင် ဆက်လက်တည်ငြိမ် နေသော်လည်း သမုဒ္ဒရာ ချောက်၏ နှုတ်ခမ်းတွင် ရှိနေကြောင်း ယိုယွင်းပျက် စီးမှု များသည် သေချာပေါက် ဖြစ်ပေါ် မည်ဖြစ်ပြီး ဆူနာမီတစ်ခုလည်း ဖြစ်ပွား နိုင်ဖွယ်ရှိကြောင်း၊ ၎င်းဆူနာမီဒဏ်ကို မိုင် ၄ဝ ဝန်းကျင်ရှိ ကွင်းစလန်း ပြည်နယ်ပင်လယ်ကမ်းရိုးတန်း ဒေသများကို ထိခိုက်နိုင်ကြောင်း ၄င်းက ဆက် လက် ပြော ကြားခဲ့သည်။
မြ၀တီ


No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1