Tuesday, December 25, 2012

မန်ယူထံ ပြန်သွားရခြင်းက အိမ်ပြန်ရသည့် ခံစားချက်မျိုးဟု ရော်နယ်လ်ဒို ဖွင့်ဟ

Ever November | 12/25/2012 07:04:00 PM | Best Blogger Tips

မန်ချက်စတာ ယူနိုက်တက် အသင်းထံသို့ ပြန်လည် သွားရောက်ရမည့် အခြေအနေသည် အိမ်ပြန်ရမည့် ခံစားချက်မျိုးဟု ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဖွင့်ဟလိုက်သည်။
(၂၀၀၉)ခုနှစ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၈၀)နှင့်အတူ အိုးလ်ထရက်ဖို့ဒ်ကို စွန့်ခွာခဲ့သော ပေါ်တူဂီ တိုက်စစ် ကြယ်ပွင့်သည် လက်ရှိကလပ် ရီးယဲလ် မက်ဒရစ်နှင့်အတူ မန်ယူဘက်သို့ ပြန်လည် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ချန်ပီယံလိဂ်တွင် ဥရောပ၏ ဘီလူးကြီးနှစ်ကောင် ထိပ်တိုက် ရင်ဆိုင်မည့် အခြေအနေနှင့် ပတ်သက်ပြီး အသက်(၂၇)နှစ်ရှိ ကစားသမားက မိမိသည် မန်ယူသို့ ပြန်သွားရခြင်းမှာ အိမ်ပြန်ရသည့် သဘောမျိုးဟု တွေးထင်မိကြောင်း ပြောဆိုခဲ့သည်။ ရော်နယ်လ်ဒိုသည် မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်နှင့်လည်း ယနေ့တိုင် ရင်းနှီးသော ဆက်ဆံရေးမျိုး ရှိနေပြီး မန်ယူ ပရိသတ်များ၏ ချစ်ခင်လေးစားမှုကိုလည်း ရရှိထားဆဲဖြစ်သည်။
မန်ယူနှင့်ရင်ဆိုင်ရမည့်ခံစားချက်ကိုTheSunက မေးမြန်းခဲ့ရာ"အိမ်ပြန်သွားရသလို ဖြစ်မှာပါ"ဟုသာ ရော်နယ်
လ်ဒိုက တိုတိုတောင်းတောင်း ဖြေကြားခဲ့သည်။ ရော်နယ်လ်ဒိုသည် မန်ယူမှ ပြောင်းရွှေ့လာပြီး ကတည်းက ရီးယဲလ်အတွက် (၁၆၉)ပွဲတွင် ဂိုးပေါင်း (၁၇၀) သွင်းယူပေးထားသည်။ ပြီးခဲ့သည့် ရာသီကလည်း ရီးယဲလ်ကို လာလီဂါ ချန်ပီယံဆု ရရှိအောင် အဓိက ဦးဆောင်ခဲ့သည့်နောက် ၎င်းသည် Ballon d'Or ဆုအတွက် ဆန်ခါတင် စာရင်းတွင် ပါဝင်လျှက် ရှိသည်။ ချန်ပီယံလိဂ်တွင် မန်ယူနှင့် ရီးယဲလ်တို့ တွေ့ဆုံမှုသည် ကမ္ဘာ့ဘောလုံး ပရိသတ်၏ အာရုံကို ဖမ်းစားနိုင်ခဲ့သလို မန်ယူသို့ ရော်နယ်လ်ဒို ပြန်လည် ရောက်ရှိလာမည့် အခြေအနေသည်လည်း စိတ်ဝင်စားစရာ အကောင်းဆုံး သတင်းတစ်ခုအဖြစ် တည်ရှိလာခဲ့သည်။  
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1