Tuesday, December 25, 2012

ကန်ဒေါ်လာ အတုများနှင့် မြန်မာ တဦး မဲဆောက်တွင် ဖမ်းမိ

Ever November | 12/25/2012 07:24:00 PM | Best Blogger Tips

မဲဆောက်မြို့တွင် အမေရိကန်ဒေါ်လာအတု ၄ သိန်းခွဲနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသား ကိုမောင်ဦးလှိုင်ကို ယနေ့တွင် ဘန်ကောက်ရုံးချုပ်မှ ထိုင်း မှုခင်းတပ်ဖွဲ့မှ အရာရှိများစစ်ဆေးလျှက်ရှိသည်။ တရားမဝင်လိုင်စင်မဲ့ကားကို မသင်္ကာသဖြင့် စစ်ဆေးရာမှ ဒေါ်လာငွေအတုများကို ဖမ်းဆီးရမိခြင်းဖြစ်သည် ဟု မဲဆောက်ရဲစခန်းမှ ရဲမှူးကြီးတဦးက ဒေသခံသတင်းထောက်များကိုပြောကြားသည်။ 
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကမ်းနားပိုင်းထာ့အာရွာရှိ ဂျပန်တပတ်ရစ်ကားများရောင်းချသည့် ဂိတ် တွင် ကိုမောင်ဦးလှိုင်သည် စနေနေ့က ကားဝင်းလုံခြုံရေးဝန်ထမ်းများနှင့် အချင်းများရာမှ ထိုင်း နယ်ခြား စောင့် တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးရာတွင် ထိုင်းနံပတ်ပြားတပ်ဆင်ထားသည့် တရားမဝင် ဂျပန်လိုင်စင်မဲ့ကား အဖြစ်တွေ့ရှိရာမှ အရေးယူခဲ့ခြင်း ဖြစ်သည်။  လိုင်စင်မဲ့ကားအမှုဖြင့် ရဲစခန်းသို့ရောက်ရှိလာသည့် ကိုမောင်ဦးလှိုင်နှင့် လိုင်စင်မဲ့ကားကို ယမန်နေ့ ညနေ က မဲဆောက်ရဲစခန်းတွင် အသေးစိတ်ဆက်လက်စစ်ဆေးရာ ကားအတွင်းအမေရိကန်ဒေါ်လာအတု ၄၅၀၀၀၀ ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။  အမှုဖြစ်စဉ်နှင့်ပတ်သက်၍ ကိုမောင်ဦးလှိုင်နှင့်အတူ လိုက်ပါလာသည့် ထိုင်းအမျိုးသမီး ဖွဲဖောဖန်းခမ်ထာ့စီရီ ကိုလည်း မဲဆောက်ရဲစခန်းတွင် စစ်ဆေးမေးမြန်းလျက်ရှိသည်။ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ကိုမောင်ဦးလှိုင်ဧ။်လိုင်စင်မဲ့ကားထဲတွင် ဒေါ်လာငွေ အတု များနှင့် အတူ ထိုင်းနိုင်ငံသုံး မော်တော်ယာဉ် နံပတ်ပြားများကိုလည်း သိမ်းဆီးရမိခဲ့သည်။ 



မဲဆောက်ကမ်းနား ထာ့အာရွာရှိ ဂျပန်တပတ်ရစ်ကားဝင်းမှ ကားပွဲစား ကိုယူနွတ်က ကိုမောင်ဦးလှိုင်သည် ကား ဝင်းသို့ မကြာခဏ ကားလာဝယ်လေ့ရှိပြီး ဘန်ကောက်သို့ သယ်ဆောင်ကာ တဆင့်ပြန်လည်ရောင်း ချ ခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုသည်။  မဲဆောက်ရဲဧ။် စစ်ဆေးတွေ့ရှိမှုများထဲတွင် ကိုမောင်ဦးလှိုင်ထံမှ အာဆီယံသတင်းထောက်များအသင်းဝင် ကဒ်ပြားတခုကိုလည်းတွေ့ရှိခဲ့သည်။  ယခုလ ၆ ရက်နေ့က မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည့် ထိုင်း၊ လော၊ ကမ္ဘောဒီးယားနှင့် မြန်မာ သတင်းထောက် အချို့ပါဝင်သည့် အာဆီယံသတင်းထောက်များ တွေ့ဆုံ မိတ်ဆက်ပွဲတွင် ကိုမောင်ဦးလှိုင် လည်း တက်ရောက်ခဲ့သည်။  အမှုဖြစ်စဉ်နှင့်ပတ်သက်၍ မဲဆောက်ရဲမှ တစုံတရာထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်းသိရှိရသည်။ 
irrawaddy blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1