Wednesday, January 30, 2013

ဘင်နီတက်ဇ်ဘက်တွင် အသင်းသားများ ရှိနေဆဲဟု ကာဟေးလ် ပြောကြား

Ever November | 1/30/2013 04:11:00 PM | Best Blogger Tips

မိမိတို့ ချယ်လ်ဆီး အသင်းသား အားလုံး မန်နေဂျာ ရာဖာ ဘင်နီတက်ဇ်ကို ထောက်ခံ ရပ်တည်နေကြောင်း နောက်ခံလူ ဂယ်ရီကာဟေးလ်က ထုတ်ဖော် ပြောကြားလိုက်သည်။
စပိန်သား မန်နေဂျာ ဘင်နီတက်ဇ်သည် ရောဘတ်တို ဒီမက်တီယိုကို ချယ်လ်ဆီးက ထုတ်ပယ် လိုက်ချိန်တွင် လန်ဒန်ကလပ် အသင်း၏ မန်နေဂျာ တာဝန်ကို ရာသီကုန်ထိ လက်လွှဲယူခဲ့သည်။ ဘင်နီတက်ဇ်သည် လီဗာပူးလ်ကို မန်နေဂျာ အဖြစ် ကိုင်တွယ်စဉ်က ချယ်လ်ဆီးကို တိုက်ခိုက်သည့် မှတ်ချက်စကားများ ပြောဆိုခဲ့ဖူးရာ ထိုစဉ်ကတည်းက အသင်း ပရိသတ်များက မုန်းတီးခဲ့သည်။ ၎င်းကို ခန့်အပ်စဉ်က ချယ်လ်ဆီး ပရိသတ်များ ကန့်ကွက်ခဲ့သလို လက်ရှိ အသင်း ရလဒ်များ ယိမ်းယိုင်နေချိန်တွင် ဝေဖန်မှုများ ပိုမို ပြင်းထန် လာခဲ့သည်။
သို့သော်လည်း အင်္ဂလန် လက်ရွေးစင် ကာဟေးလ်ကမူ မန်နေဂျာကို အသင်းသားများ အားလုံးက ယုံကြည်မှုရှိရှိ ထောက်ခံ ရပ်တည်နေဆဲဟု ပြောဆိုသွားသည်။ လိဂ်ဝမ်းကလပ် ဘရန့်ဖို့ဒ်ကို FAဖလားတွင် သရေကျခဲ့သည့်နောက် ဘင်နီတက်ဇ်အပေါ် ဖိအားများ ပိုမို တိုးပွားလာသော်လည်း ကာဟေးလ်က "အဲဒီပွဲမှာ ကျွန်တော်တို့ ဒုတိယပိုင်း ကစားပုံ ကောင်းခဲ့သလို စစ်မှန်တဲ့ ချယ်လ်ဆီးရဲ့ စိတ်ဓာတ်ကို ပြသနိုင်ခဲ့တယ်။ ခုချိန်မှာ တစ်သင်းလုံး မန်နေဂျာအတွက် ကစားပေးနေဆဲပါ။ သူဟာ ပရိသတ်တွေဆီက ရောက်လာတဲ့ ဖိအား ကြီးကြီးမားမား အောက်မှာ ကျရောက်နေတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အားလုံး မန်နေဂျာကို ထောက်ခံဆဲပါ"ဟု ဆိုသည်။

၎င်းက ဘရန့်ဖို့ဒ်ကို သရေကျခြင်းသည် ဂရစ်ဖင်ပါ့ခ် ကွင်းကြီး၏ မျက်နှာပြင် ဆိုးရွားမှုနှင့်လည်း သက်ဆိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။ "ပထမပိုင်း ကစားပုံ မကောင်းခဲ့ဘူး။ ဒါဟာ ကွင်းရဲ့ မျက်နှာပြင်ကိုလည်း အပြစ် တင်သင့်တယ်။ နောက်တစ်ချက်က နေထိုးလွန်းတော့ ကျွန်တော်တို့ ကောင်းကောင်း အမြင်မရှင်းဘူး။ ဘာပဲဖြစ်ဖြစ် ပထမပိုင်းမှာ ကစားအားကို အရှိန် မတင်နိုင်ခဲ့တာတော့ ဝန်ခံရပါမယ်"ဟု ကာဟေးလ်က အဆိုပါ ပွဲစဉ်အပေါ် သုံးသပ်သွားသည်။

Ref: Sky Sports
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1