Wednesday, January 30, 2013

လီဗာပူးလ်ထက် ဆောက်သမ်တန်ကို ရွေးရန် မိမိကို ဆိုးလ်ရှား အကြံ ပြုခဲ့ကြောင်း ဖော်ရန်းဝန်ခံ

Ever November | 1/30/2013 04:17:00 PM | Best Blogger Tips

လီဗာပူးလ်ကို ကျော်ပြီး ဆောက်သမ်တန်ကို ရွေးချယ်ရန် မိမိကို မိုဒေးလ်နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက အကြံပေးခဲ့ကြောင်း ဆောက်သမ်တန် ခံစစ်မှူးသစ် ဗားဂါ့ဒ် ဖော်ရန်းက ဝန်ခံ ပြောကြားလိုက်သည်။
လီဗာပူးလ်၏ အစဉ်အလာ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်တွင် ကာလရှည်ကြာ ကစားခဲ့ဖူးသော တိုက်စစ်မှူးဟောင်း ဆိုးလ်ရှားက ဖော်ရန်းအား အစဉ်အလာအရ ဆောက်သမ်တန်ထက် အားသာသည့် လီဗာပူးလ်ထက် တန်းတက်ကလပ်က ပိုမို သင့်လျော်ကြောင်း ထောက်ပြခဲ့ခြင်း ဖြစ်သည်။ ဖော်ရန်းသည် ယခု ဆောင်းရာသီ ဈေးကွက် ကာလအတွင်း မိုဒေးလ်မှ ဆောက်သမ်တန်သို့ ပေါင်စတာလင် (၄)သန်းကျော်ဖြင့် ပြောင်းရွှေ့လာခြင်း ဖြစ်သည်။ လီဗာပူးလ်သည် ဖော်ရန်းအား အစမ်းသပ်ခံ လေ့ကျင့်ရန် ဖိတ်ခေါ်ပြီး ထို့နောက်တွင် အပြီးသတ် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ဖော်ရန်းသည် ဆောက်သမ်တန်ကိုသာ ရွေးချယ်ခဲ့သည်။
အသက်(၂၄)နှစ်ရှိ ကစားသမားက "လီဗာပူးလ်ကို ပြောင်းဖို့ ကျွန်တော် ဘယ်တုန်းကမှ နီးနီးစပ်စပ် မဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဆောက်သမ်တန်က ကျွန်တော့်အတွက် မှန်ကန် သင့်တော်တယ်လို့ ခံစားမိလို့ပါ"ဟု ဆိုသည်။ ၎င်းက "ပရီးမီးယားလိဂ် ကလပ်အသင်းတွေ တော်တော်များများက ကျွန်တော့်ကို စိတ်ဝင်စားခဲ့ပေမယ့် တကယ်တမ်း ဆောက်သမ်တန် ဥက္ကဋ္ဌနဲ့ စကားပြောကြည့်တော့ ကိုယ့်ကို အလေးအနက် လိုလားနေတယ်လို့ ခံစားလာမိတယ်။ နောက်ပြီး ဆိုးလ်ရှားကလည်း ကျွန်တော် ဆောက်သမ်တန်ကို ပြောင်းဖို့ အင်နဲ့အားနဲ့ ကူညီ ဆောင်ရွက်ပေးခဲ့တယ်။ ဒီကို မလာခင် ပရီးမီးယားလိဂ်အကြောင်း ကျွန်တော် သူနဲ့ တော်တော် ဆွေးနွေးဖြစ်ခဲ့တယ်။ သူက ဆောက်သမ်တန်နဲ့ ရလာမယ့် အခွင့်အရေးကို အရယူသင့်တယ်လို့ ပြောပြပါတယ်"ဟု ပြောကြားသွားသည်။  
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1