Wednesday, January 30, 2013

“အနုပညာနဲ့ ကုသိုလ်ယူမယ့် ဝတ်မှုံရွှေရည်”

Ever November | 1/30/2013 04:44:00 PM | Best Blogger Tips

‘နှလုံးသားဂီတအလှူ’ Charity Live Showမှာ အဖွင့်အနေနဲ့ ချစ်ခြင်း အပြစ်ကင်းပါစေဆိုတဲ့ ဇာတ်လမ်းတိုကိုပြသမှာဖြစ်ပြီး ဒီဇာတ်လမ်းတိုမှာ ရန်အောင်၊ မို့မို့မြင့် အောင်နဲ့ ဝတ်မှုံရွှေရည်တို့က ပါဝင်မှာဖြစ်ပါတယ်။ မိဘမေတ္တာဘွဲ့ဇာတ်လမ်းလေးဖြစ်ပြီး ဖိစီးမှုတွေ တအားများလာတဲ့အတွက် လက်တစ်ဖက်မသန်တော့တဲ သူ တစ်ယောက်အဖြစ် ဝတ်မှုံရွှေရည်က သရုပ်ဆောင်ရတာဖြစ်တာကြောင့် “ကစ်ဒီကားထဲမှာ ကိုရန်လေးရဲ့သမီး၊ အဖေက တအားဖြစ်စေချင်တာ။ ပထမပဲ ရစေချင်တာ၊ ပထမမဟုတ်ဘဲ ဒုတိယဖြစ်ရင်တောင် အရှက်ခွဲတာ၊ တဖြည်းဖြည်းနဲ့ အရွယ်ရောက် လာတော့ ကြောက်လာတယ်။ တအားဆိုက်ကိုဝင်လာပြီး လက်တစ်ဖက် မသန်တော့ဘဲ အကြောကပ် သလိုဖြစ်သွားတာ။ ကစ်က ဒီလိုမျိုးတစ်ခါမှ မရိုက်ဖူးဘူး။အဲဒီတော့ ဆေးရုံကိုသွား တကယ့် လူနာတွေကို ကြည့် ပြီး လေ့လာရတယ်။ ရန်ပုံငွေပွဲဖြစ်တာ ကြောင့် ကုသိုလ်လည်းရတယ်။ ကစ်ကိုယ်တိုင်ကလည်း ဒီထဲမှာကိုယ့်အတွက် အလှူဖြစ်စေတယ်။ ဒီရှိုးကရတာတွေကိုလည်း လှူမှာဖြစ်တဲ့အတွက် တတ်နိုင်တဲ့ဘက် ကနေ တစ်တပ်တစ်အားကူညီတာပါ။ ဒီလိုပွဲတွေဆိုတာလည်း လုပ်သင့်တယ်။ ကစ်က အလှူအတန်းလည်း ဝါသနာပါတော့ကူညီဖြစ်တာပါ။ ဇာတ်လမ်းကို ဘယ်လိုပုံစံလဲ ဆိုတာတောင် မမေးဘဲ ချက်ချင်းလက်ခံဖြစ်တာပါ။ အလှူ တစ်ခုအနေနဲ့ ပါဝင်ခွင့်ရတဲ့ အတွက်ကျေနပ်တယ်။ ပီတိဖြစ်တယ်။ ဇာတ် လမ်းကပေးချင်တဲ့ မက်ဆေ့ခ်ျ လည်းကောင်းတယ်။ တိုတိုလေးနဲ့ ထိရောက် မှုရှိတယ်”လို့ပြောပြပါတယ်။

မေမွန်မောင်

Popular Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1