Wednesday, January 30, 2013
ဂျပန်ပင်လယ်၌ ရုရှားငါးဖမ်းသင်္ဘောနစ်မြုပ်
Ever November | 1/30/2013 03:57:00 PM |
နိုင်ငံတကာသတင်း
ဂျပန်ပင်လယ်၌ ရုရှားငါးဖမ်းသင်္ဘော တစ်စင်း တိမ်းမှောက်နစ်မြုပ်ခဲ့ရာ ရုရှားနှင့် အင်ဒိုနီးရှား သင်္ဘောသား ၂ဝ ပျောက်ဆုံးလျက် ရှိကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇန်နဝါရီ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။ အသက်ကယ် လှေတစ်စင်းဖြင့် မျောပါလာသော သင်္ဘောသား ၁ဝ ဦးကို အနီးအနားမှ ဖြတ်သန်းသွားသော ကုန်တင်သင်္ဘော တစ်စင်းက တွေ့ရှိရာမှ ၄င်းတို့ကို ကယ်တင်ပေးနိုင်ခဲ့ကြောင်း အရှေ့ဖျားဒေသ အရေးပေါ် လုပ်ငန်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရှန်း-၁ဝ၁ ဟု အမည်ပေးထားသော ငါးဖမ်းသင်္ဘောသည် သတ်မှတ်ချက်အတိုင်း ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိမလာခဲ့ပေ။ အဆိုပါ သင်္ဘောသည် ရုရှားနိုင်ငံ၏ ပစိဖိတ်ပင်လယ် ကမ်းရိုးတန်းဒေသ ကမ်းလွန်တွင် ဇန်နဝါရီ ၂၇ ရက်နှောင်းပိုင်းက တိမ်းမှောက် နစ်မြုပ်ခဲ့သည်ဟု စုံစမ်းသိရှိရကြောင်း၊ အန်ထော်နီတိုချီနော့ဗ် အမည်ရှိ ကုန်တင်သင်္ဘောက ရုရှားခြောက်ဦးနှင့် အင်ဒိုနီးရှားလေးဦးတို့ကို ကယ်တင်ပေးခဲ့ပြီး ရုရှား ၁၃ ဦးနှင့် အင်ဒိုနီးရှားခုနစ်ဦး ပျောက်ဆုံးနေကြောင်း အရေးပေါ် လုပ်ငန်းများဌာနက ပြောကြားသည်။
(ပီတီအိုင်)
khitlunge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment