Wednesday, January 23, 2013

ကနေဒါသံရုံးဝန်ထမ်းများအား မာလီပဋိပက္ခကြားမှ ရွှေ့ပြောင်းပေးခဲ့ရ

Ever November | 1/23/2013 09:56:00 AM | Best Blogger Tips

ကနေဒါ ဗဟိုအစိုးရသည် အနောက်အာဖရိက နိုင်ငံဖြစ်သည့် မာလီနိုင်ငံ၏ ပဋိပက္ခကြားမှ ၄င်းတို့ သံရုံးဝန်ထမ်းများနှင့် ယင်းတို့၏ မိသားစုဝင် အများစုကို နေရာရွှေ့ပြောင်း ပေးခဲ့ရကြောင်း ဇန်နဝါရီ ၂ဝ ရက်က ပရက်စ်တီဗွီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ သံရုံးလုပ်ငန်းတွင် ထိထိရောက်ရောက် အကျိုးပြုသည့် ဝန်ထမ်းအဖွဲ့သာ မာလီနိုင်ငံ မြို့တော်ဘာမာကိုရှိ သံရုံးတွင် ဆက်လက် နေသွားမည်ဖြစ်ကြောင်း ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဇန်နဝါရီ ၂ဝ ရက်က ထုတ်ပြန်ချက် တစ်ရပ်တွင် ဖော်ပြသည်။ လုပ်ငန်း၌ မလိုအပ်သည့် ဝန်ထမ်းနှင့် ကလေးများ အပါအဝင် မှီခိုနေထိုင်သူ ၂၉ ဦးကို ဘာမာကိုမြို့ရှိ အထူးတာဝန် ထမ်းဆောင်ရေး အဖွဲ့မှ နေရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ထပ်မံဖော်ပြသည်။ ထို့အပြင် မာလီနိုင်ငံအတွင်းရှိ ကျန်ရှိသည့် ကနေဒါနိုင်ငံသား မည်သူမဆို ချက်ချင်းထွက်ခွာရန် ကနေဒါအစိုးရက ထပ်မံ ခေါ်ယူခဲ့သည်။ အာဖရိကနိုင်ငံအတွင်း တိုက်ခိုက်ရေးသမားများ တိုးမြင့်လာမှုကို ဟန့်တားရန် ဟူသောအချက်ဖြင့် ပြင်သစ်က ဇန်နဝါရီ ၁၁ ရက်တွင်စစ်ပွဲကို စတင်ခဲ့သည်။ စစ်ပွဲတွင် ပြင်သစ်အား ကူညီရန် စစ်ဘက်ထောက်ပံ့ရေး လေယာဉ် ပို့ဆောင်မှုကို ဇန်နဝါရီ ၁၄ ရက်က စီစဉ်ခဲ့ကြောင်း ကနေဒါဝန်ကြီးချုပ် စတက်ဖန်ဟာပါက ထုတ်ပြန် ကြေညာခဲ့သည်။ 
(ပရက်စ်တီဗွီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1