Wednesday, January 23, 2013

အင်ဒိုနီးရှားကမ်းလွန်၌ ငါးဖမ်းယာဉ်နှစ်စင်း နစ်မြုပ်

Ever November | 1/23/2013 10:00:00 AM | Best Blogger Tips

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် ကမ်းလွန်တွင် ဇန်နဝါရီ ၂ဝ ရက်က ငါးဖမ်းယာဉ်နှစ်စင်း နစ်မြုပ်ခဲ့ကြောင်း၊ ငါးဖမ်းသမားအချို့ ပျောက်ဆုံးလျက်ရှိကြောင်း အင်ဒိုနီးရှား မီဒီယာများက ဇန်နဝါရီ ၂၁ ရက်၌ ဖော်ပြသည်။ ဂျန်ဒါနှင့် ကီပိုဒန်အမည်ရှိ ငါးဖမ်းယာဉ်နှစ်စင်းသည် အရှေ့ဂျာဗားပြည်နယ် ကမ်းလွန်ရေပြင်သို့ ယင်းနေ့ ည ၉ နာရီခန့်က ငါးဖမ်းရန် ထွက်ခွာခဲ့ကြပြီးနောက် နစ်မြုပ်ခဲ့ကြခြင်း ဖြစ်သည်ဟု အင်ဒိုနီးရှား ဘေးအန္တရာယ် ကာကွယ် လျော့နည်းကျဆင်းရေး အေဂျင်စီက ပြောကြားသည်။ အဆိုပါ ငါးဖမ်းယာဉ် နှစ်စင်းပေါ်တွင် ငါးဖမ်းသမား စုစုပေါင်း ၂၇ ဦး ပါရှိသွားရာ ငါးဖမ်းယာဉ် နစ်မြုပ်မှု ဖြစ်ပွားပြီးနောက် ငါးဖမ်းသမား ကိုးဦး ပျောက်ဆုံးလျက်ရှိသည်။ ကျန်ငါးဖမ်းသမား ၁၈ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ ပင်လယ်ပြင်တွင် လေပြင်းမုန်တိုင်း တိုက်ခတ်ခံရမှုကြောင့် ယင်းငါးဖမ်းရေယာဉ် နှစ်စင်း နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးနေသူများကို ရှာဖွေမှုများ ပြုလုပ်လျက် ရှိသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1