Wednesday, January 23, 2013

ကန်သင်္ဘောသောင်တင်မှု ဖိလစ်ပိုင် သန္တာကျောက်တန်းများ ထိခိုက်

Ever November | 1/23/2013 10:06:00 AM | Best Blogger Tips

ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်းကမ်းလွန်တွင် သောင်တင်ခဲ့သော အမေရိကန် ယူအက်စ်အက်စ်ဂါဒီးယန်း သင်္ဘောကြောင့် ပင်လယ် သန္တာကျောက်တန်းများ ထိခိုက်ပျက်စီး ရမှုအတွက် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း အမေရိကန်ရေတပ် တပ်မှူးတစ်ဦးဖြစ်သူ စကော့ဆွစ်က ဇန်နဝါရီ ၂၁ ရက်၌ ထုတ်ဖော် ပြောကြားသည်။ အဆိုပါ သင်္ဘောသည် ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်း ဆူလူပင်လယ်ပြင်ရှိ တူဘာတာဟာ ကျောက်တန်းပေါ်တွင် သောင်တင် ခဲ့ခြင်းဖြစ်သည်။ ပင်လယ်ပြင် သဘာဝအရင်းအမြစ်နှင့် သယံဇာတများ မတော်တဆ ဖြစ်ရပ်ကြောင့် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ရသည်ဟု အမေရိကန်ရေတပ်၏ အမှတ် (၇)ရေ တပ်ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။ ဖိလစ်ပိုင်နိုင်ငံ၏ အရေးကြီးသည့် တူဘာတာဟာ သဘာဝ သန္တာကျောက်တန်း ဥယျာဉ်သည် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် နေရာတစ်ခုလည်းဖြစ်သည်။ ပင်လယ်ပြင်ရှိ သဘာဝ သန္တာကျောက်တန်းများကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်မှုမှာ မိမိတို့တွင်လည်း တာဝန်ရှိသည်ဟု အဆိုပါ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အဆိုပါ ယူအက်စ်အက်စ် ဂါဒီးယန်း သင်္ဘောသည် ဆူလူ ပင်လယ်ပြင်ကိုဖြတ်ကာ အင်ဒိုနီးရှားနိုင်ငံသို့ ရေကြောင်း အတိုင်း မောင်းနှင်လာစဉ် တူဘာတာဟာ ကျောက်တန်း၌ ဇန်နဝါရီ ၁၇ ရက်က သောင်တင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းသင်္ဘော သောင်တင်မှု မည်သို့ဖြစ်ပွားရသည်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။ (ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1