Wednesday, January 30, 2013

အသင်း၏ ဈေးကွက် လှုပ်ရှားမှုများ အပေါ် နယူးကာဆယ်လ် ဂိုးသမား အံ့ဩနေ

Ever November | 1/30/2013 04:22:00 PM | Best Blogger Tips

ဆောင်းရာသီ ဈေးကွက် ကာလအတွင်း နယူးကာဆယ်လ် ယူနိုက်တက် အသင်း၏ ခြေသွက်လက်သွက် လှုပ်ရှားမှုကို အံ့ဩမိကြောင်း ဂိုးသမား တင်မ်ကရူးလ်က ဝန်ခံခဲ့သည်။
နယူးကာဆယ်လ်သည် အိုလံပစ်မာဆေးလ် တိုက်စစ်မှူး လွိုက်ရိုင်မီကို ခေါ်ယူရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့သော်လည်း ပြင်သစ် အခြေစိုက် ကစားသမား (၅)ဦးကို ဆက်တိုက် ခေါ်ယူနိုင်ခဲ့သည်။ ဒမ်ဘာဘားကို ချယ်လ်ဆီးထံ ရောင်းချခဲ့သည့်နောက် မန်နေဂျာ အလန်ပါဂျူးသည် မက်သရူး ဒီဘူချီ၊ မာပူ ယန်ဂါ အမ်ဘီဝါ၊ ယိုအန် ဂေါ်ဖရန်၊ မာဆာဒီယို ဟိုင်ဒါရာနှင့် မူဆာ ဆစ်ဆိုကိုတို့ကို စာချုပ် ခေါ်ယူခဲ့သည်။ ထိုအနေအထားသည် တန်းဆင်းဇုန် အနီးတွင် ရုန်းကန်နေရသည့် နယူးကာဆယ်လ်အတွက် အားတက်စရာ ဖြည့်တင်းမှုများအသွင် ဆောင်လာသည်။
ကရူးလ်က ပြင်သစ် စကားပြော ကစားသမား များပြားလာသည့် အသင်းသည် စုစုစည်းစည်းဖြင့် တိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ဆိုသည်။ "အသင်းပိုင်ရှင် မိုက်ခ်အက်ရှ်လေနဲ့ အသင်းဥက္ကဋ္ဌ ဒါရက်ခ် လမ်ဘီရက်စ်တို့ဟာ သူတို့ လုပ်မယ်လို့ ပြောထားတဲ့ ကိစ္စကို ဖြစ်အောင် လုပ်ပြခဲ့ပါတယ်။ ဇန်နဝါရီလို အချိန်မျိုးမှာ ကစားသမားသစ် (၅)ယောက် ရောက်လာတယ်ဆိုတာ ကျွန်တော် မျှော်လင့်ထားတာထက် ပိုနေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအနေအထားဟာ အသင်းအတွက် အားကောင်းတဲ့ ထောက်ပံ့မှု ဖြစ်လာပါတယ်။ အားလုံး စုစည်းပြီး အသင်းရဲ့ တက်လှမ်းမှုမှာ ကူညီနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ငါးရက်၊ ခြောက်ရက်လောက် အတွင်းမှာ ကစားသမားသစ် (၅)ယောက် ရောက်လာတယ် ဆိုတာကတော့ တစ်မျိုး ဆန်းနေပါတယ်"ဟု ကရူးလ်က မှတ်ချက်ပြု ပြောဆိုသွားသည်။
Ref: Sky Sports
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1