Wednesday, January 30, 2013
အီဂျစ်မြို့ကြီးသုံးမြို့ ညမထွက်ရ အမိန့်ထုတ်
Ever November | 1/30/2013 04:08:00 PM |
နိုင်ငံတကာသတင်း
အီဂျစ်နိုင်ငံတွင် သေကျေနိုင်လောက်သည့် အဓိကရုဏ်း ရက်အတန်ကြာ ဖြစ်ပွားခဲ့ပြီးနောက် အီဂျစ်သမ္မတ မိုဟာမက်မော်စီက ပို့ဆက်၊ စူးအက်နှင့် အစ္စမေးရီးယား မြို့ကြီးသုံးမြို့တွင် အရေးပေါ် အခြေအနေ တစ်ရပ်ကို ကြေညာလိုက်ကြောင်း ဇန်န၀ါရီ ၂၈ ရက်တွင် ဘီဘီစီ သတင်းဌာနက ထုတ်ပြန်သည်။ နေ့စဉ် ည ၉ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ကို ဇန်န၀ါရီ ၂၈ ရက်မှစပြီး ရက် ၃၀ ကြာ ထုတ်ပြန်လိုက်သည်။ အီဂျစ်နိုင်ငံ ပို့ဆက်မြို့၌ တရားရုံး အဓိကရုဏ်းမှ စတင်ကာ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့၍ လူ ၃၃ ဦး သေဆုံးခဲ့ရသည်။
khitlunge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment