အင်ဒိုနီးရှာနိုင်ငံ ဂျကာတာမြို့တွင် ရေလွှမ်းမိုးခြင်းနှင့်ဆက်နွှယ်သော ဘေးဒုက္ခများကြောင့် ဒေသခံပြည်သူ ၁၈ဝဝဝ ကျော် နေအိမ်များကို စွန့်ခွာရွှေ့ပြောင်းနေထိုင်ကြရပြီး သေဆုံးသူဦးရေ ၁၁ ဦးအထိ ရှိလာကြောင်း ဇန်နဝါရီ ၁၈ ရက် သတင်းတွင် ဖော်ပြသည်။ ဂျကာတာမြို့တွင် ဇန်နဝါရီ ၁၅ ရက်ကတည်းက အဆက်မပြတ် ရွာသွန်းသောမိုးကြောင့် တစ်မြို့လုံး ရေလွှမ်းမိုးခဲ့ရာ ဇန်နဝါရီ ၁၈ ရက်တွင် သေဆုံးသူ ၁၁ ဦးသို့ ရောက်ရှိခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ ရဲတပ်ဖွဲ့က ရေလွှမ်းမိုး ခံနေရသော ဒေသခံများအား ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းပေးရန် သို့မဟုတ် ပိတ်မိနေသော လူများထံ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့နိုင်ရန် ရော်ဘာလှေ စင်းရေ ၄ဝ ထက်မနည်းအသုံးပြုကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ဂျကာတာမြို့ ရေလွှမ်းမိုးခံခဲ့ရသော နေရာများမှ တူးမြောင်းများ၊ တမံများ ပျက်စီးသွားသဖြင့် တပ်ဖွဲ့ဝင်များရာချီ၍ ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းတွင် ဖော်ပြသည်။
(ဆင်ဟွာ)
khitlunge


No comments:
Post a Comment