Wednesday, January 30, 2013

KIA အကြမ်းဖက် ခေါင်းဆောင် ဂမ်ရှောင် စစ်ရာဇ၀တ်မှု့ တစ်ခု နောက်ထပ် ကျူးလွန်ဖို့ ပြင်ဆင်နေဟု သတင်းထွက်

Ever November | 1/30/2013 04:14:00 PM | Best Blogger Tips
ကချင်ဒေသအတွင်းသို့ ဆက်သွယ်ထားသော လမ်း/ တံတားများနှင့် ရထားလမ်းများကို KIAမှ အစိုးရတပ်အသုံးပြုသည်ဟု အကြောင်းပြချက်ဖြင့် အကြိမ်ကြိမ်
မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော် KIA သောင်းကျန်းသူ၏ အခြေအနေမှာ တစ်နေ့တစ်ခြား ဆိုးရွားလာခဲ့သည်။ ကချင်ဒေသခံနှင့် နိုင်ငံ တစ်ဝှမ်းရှိ တိုင်းရင်းသားများကလည်း KIA အား ရွံ့ရှာစက်ဆုပ်လာကြသည်။

ယခုတဖန် KIA သည် အစိုးရအား နိုင်ငံရေးသိက္ခာ ကျဆင်းစေ ရန်နှင့် နိုင်ငံတကာမှ မြန်မာနိုင်ငံအား အထင်မြင်သေးစေရန် ရည်ရွယ်ချက်ဖြင့် မြို့ကြီးများတွင် အကြီးစားဖောက်ခွဲ ဖျက်ဆီးမှု များ ပြုလုပ်ရန် အတွက် အသေခံအဖွဲ့အဖြစ် ဖွဲ့စည်းထားသော KIA သောင်းကျန်းသူများအား ကချင်ပြည်နယ် လိုင်စင်ပို့စ်မှ မနေ့က စတင်စေလွှတ်ခဲ့သည်ဟု လိုင်စင်ပို့စ် ဒေသခံတစ်ဦးထံမှ သတင်းရရှိ ပါတယ်။ အနီးစပ်ဆုံးမှရှိသည့် မြစ်ကြီးနား မြို့မှ ဒေသခံများနှင့် ဗန်းမော်မြို့မှ ဒေသခံများမှ KIA ၏ပြုလုပ်မည့်အစီအစဉ်ကိုကြားသိပြီးစိုးရိမ်မှုများဖြစ်ပေါ် နေသည်ဟု ဒေသခံများ၏ပြောပြချက်
အရသိရှိရသည်။
kachin daily news

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1