Wednesday, January 30, 2013

မြန်မာအစိုးရက SE-ME-WE-5 အတွက် ကန်သန်း ၄၀ ၀န်းကျင် အကုန်ခံမည်

Ever November | 1/30/2013 04:47:00 PM | Best Blogger Tips
မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အင်တာနက်ဆက်ကြောင်းလိုင်းသစ် တစ်ခုဖြစ်သည့် SE-ME-WE-5 တည်ဆောက်မှုလုပ်ငန်းများအတွက် ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၃၅ သန်း ကနေ သန်း ၄၀ ကြား ကုန်ကျခံကာ ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။
 
ဒီလိုတည်ဆောက်ရာမှာတော့ ကုန်းတွင်းပိုင်း ဖိုင်ဘာလိုင်းတွေကို အရင်ဆုံး ပြုလုပ်ရမှာ ဖြစ်ပြီး SE-ME-WE-5 ဆက်ကြောင်းကို မူဆယ်မှ ချောင်းသာအထိ သွယ်တန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
 ပြည်တွင်း ဖိုက်ဘာဆက်ကြောင်း အသစ်တည်ဆောက်ရန် စီစဉ်ရခြင်းမှာ လက်ရှိ အသုံးပြုနေသည် Se-ME-WE-3  သက်တမ်းမှာ  ကြာမြင့်နေပြီဖြစ်သည့်အတွက် အင်တာနက် လိုင်းဆွဲအားကောင်းမွန်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။
 
အင်တာနက်မြန်နှုန်းတိုးတက်မြန်ဆန်လာစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ အင်တာနက်ဆက်ကြောင်း အသစ် Sea-Me-We 5 ပြီးပါက အင်တာနက်သုံးစွဲမှု ပိုကောင်းမွန်လာမည်ဖြစ်ကြောင်း  အိုင်တီပညာရှင်များက ဆိုသည်။
 
လက်ရှိ သုံးစွဲနေသော Sea-Me-We 3 ဆက်ကြောင်းမှာ မြန်မာနိုင်ငံအတွင်းသို့ ဖျာပုံမြို့မှ ၁၁၄၃ ကီလိုမီတာ အကွာတွင် ချိတ်ဆက်ထားခြင်းဖြစ်ပြီး၊ Sea-Me-We 5 မှာ ငွေဆောင်ဘက်မှ ဝင်ရောက်မည် ဖြစ်သည်။
 
အဆိုပါ se me we 5 အင်တာနက်ဆက်ကြောင်းသစ်နှင့် ချိတ်ဆက်ရန်အတွက် စင်ကာပူနိုင်ငံမှ ကမကထ ပြုလုပ်သွား မည်ဖြစ်ပြီး   မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ချိတ်ဆက်အသုံးပြုသွားမည်ဖြစ်သည်။

လက်ရှိ se me we 3 အင်တာနက်ဆက်ကြောင်းဖြင့် နိုင်ငံပေါင်း ၃၄ နိုင်ငံ အသုံးပြုလျက်ရှိပြီး se me we 3 ၏ သက်တမ်းမှာ နှစ်ပေါင်း ၃၀ ၀န်းကျင်ဖြစ်ပြီး၊ ယခုအခါလက်ရှိအသုံးပြုနေသည့်ကာလမှာ  နှစ် ၂၀ ကျော်လာပြီဖြစ်၍ အင်တာနက်ဆက်ကြောင်းလိုင်း အသစ်ဖြင့် ချိတ်ဆက်ရန် စီစဉ်ခြင်းဖြစ်သည်။
 
အဆိုပါ ဆက်ကြောင်း တည်ဆောက်ရန်အတွက် ပြည်ပ ကုမ္ပဏီတစ်ခု ဖြစ်သည့် China Uniconနှင့် သဘောတူ စာချုပ်အား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည်။
ဉာဏ်ဉာဏ်(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1