Friday, February 1, 2013

အင်ဒိုနီးရှားတွင် မျောက်ရိုင်းအုပ်စုဝင်ရောက်တိုက်ခိုက်၊ လူခုနစ်ဦး ဒဏ်ရာရ

Ever November | 2/01/2013 03:59:00 PM | Best Blogger Tips

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းဒေသမှ ကျေးရွာတစ်ရွာရှိ နေအိမ်များ အတွင်းသို့ ဇန်နဝါရီ ၂၈ ရက်က မျောက်ရိုင်း အုပ်စုတစ်စု ဝရုန်းသုန်းကား ဝင်ရောက်ကာ ရွာသားများအား တိုက်ခိုက်ခဲ့မှုကြောင့် လူခုနစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများထဲတွင် တစ်ဦးမှာ စိုးရိမ်ရသော အခြေအနေရှိကြောင်း အေပီ သတင်းတွင် ဖော်ပြသည်။ ဆူလာဝေဆီပြည်နယ် ဆီဒန်ဒန်းရက်ပန်ခရိုင်မှ ပြောရေးဆိုခွင့်ရှိသူ အမ်ကိုအယ်လာက ပြောကြားရာတွင် အကောင်ရေ ၁ဝဝ ခန့် ပါဝင်သော မျောက်ရိုင်း အုပ်စုက တော့ဒ်ဒန်း ပူလူ ကျေးရွာ အတွင်းသို့ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးသည် ဇန်နဝါရီ ၂၈ ရက်တွင် မျောက်များ၏ အပြင်းအထန် တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဆေးရုံတင် ကုသမှုခံနေဆဲဖြစ်ကြောင်း ၄င်းက ဇန်နဝါရီ ၃ဝ ရက်တွင် ပြောကြားသည်။ 
(ရိုက်တာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1