Friday, February 1, 2013

သဘာဝဘေးရန်ပုံငွေ ခွဲဝေသုံးစွဲ ဖို့ ပြည်ထောင်စုလွှတ်တော် အတည်ပြု

Ever November | 2/01/2013 03:36:00 PM | Best Blogger Tips
၂ဝ၁၂ ခုနှစ် ဧပြီလ ၂၃ ရက်က နေပြည်တော်တွင်ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်၊ တတိယ ပုံမှန်အစည်းအဝေးပွဲကို တွေ့ရစဉ်

သဘာဝဘေးအန္တရာယ်တွေကြောင့် ၂ဝ၁၂ ခုနှစ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့် ရန်ပုံငွေကနေ ခွဲဝေသုံးစွဲခဲ့ရတဲ့ အသုံးစရိတ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကဆီ ပေးပို့ခဲ့တဲ့သဝဏ်လွှာ နှစ်စောင်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့် က မနေ့က ကြေညာခဲ့ပါတယ်။
ပြည်ထောင်စု ဘဏ္ဍာငွေ သီးသန့်ရန်ပုံငွေကနေ လူမှုဝန်ထမ်း၊ နယ်စပ်ရေးရာ၊ ပညာရေး၊ ဆောက်လုပ်ရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ ကာကွယ်ရေး စတဲ့ ဝန်ကြီးဌာန ၈ ခုတို့ရဲ့ သုံးစွဲငွေ စုစုပေါင်း ကျပ်သန်းပေါင်း တစ်သောင်းသုံးထောင်ကျော်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။
ပြည်ထောင်စု ဘဏ္ဍာငွေသုံးစွဲမှုနဲ့ ပတ်သက်လို့ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက အရင်က ပြည်သူတွေမသိခဲ့ရတဲ့ နိုင်ငံတော် ဘတ်ဂျက်ငွေ သုံးစွဲမှုတွေကို အခုပွင့်လင်းမြင်သာမှုရှိရှိ  ချပြလာပေမဲ့ ဘယ်နေရာ ဘယ်ကဏ္ဍတွေမှာ ဘယ်လောက်သုံးစွဲတယ် ဆိုတာကိုလည်း ဖေါ်ပြသင့်တယ် လို့ RFA ကို ပြောပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1