Sunday, February 24, 2013
အိန္ဒိယနိုင်ငံ ဟိုက်ဒြာဘတ်မြို့၌ ဗုံးများပေါက်ကွဲ၊ လူ ၂၀ ထက်မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရ
Ever November | 2/24/2013 03:10:00 PM |
နိုင်ငံတကာသတင်း

အိန္ဒိယနိုင်ငံ ဟိုက်ဒြာဘတ်မြို့ရှိ လူနေသိပ်သည်းသော ဆင်ခြေဖုံး ဒေသတစ်နေရာတွင် ဗုံးပေါက်ကွဲခဲ့ရာ လူ ၂၀ ထက်မနည်း သေဆုံးပြီး လူ ၅၀ ကျော် ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားသည်။ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်အတွက် တာဝန်ရှိသူများကို အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ပြောကြားသည်။ မကြာသေးမီက ခွဲထွက်ရေး ၀ါဒီတစ်ဦးကို သေဒဏ်ပြစ်ဒဏ် ချမှတ်ခဲ့မှုနှင့် ပတ်သက်၍ ကက်ရှ်မီးယားဒေသတွင် ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း၌ လုံခြုံရေးအရ တပ်လှန့်ထားချိန်တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဟိုက်ဒြာဘတ်မြို့ရှိ ဟိန္ဒူဘာသာဝင်များ နေထိုင်ရာ ရပ်ကွက်တစ်ခုတွင် ဗုံးများ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ဟိုက်ခြာဘတ်မြို့သည် အိန္ဒိယနိုင်ငံ၏ သတင်းအချက်အလက် နည်းပညာ ဆိုင်ရာ စက်မှုလုပ်ငန်းများ အခြေစိုက်ရာဒေသဖြစ်သည်။
(ရိုက်တာ)
khitlunge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment