Friday, February 1, 2013

ဂျပန်ရေပိုင်နက်အတွင်း မ၀င်ရောက်ရန် တရုတ်ပိုင်သင်္ဘောသုံးစင်းအား သတိပေး

Ever November | 2/01/2013 04:03:00 PM | Best Blogger Tips

အရှေ့တရုတ်ပင်လယ်အတွင်းရှိ စင်ကာကူကျွန်း တစ်ဝိုက်တွင် ခုတ်မောင်းနေသော တရုတ်နိုင်ငံပိုင် သင်္ဘောသုံးစင်းကို ဂျပန်ရေပိုင်နက်အတွင်း မကျူးကျော်ရန် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က သတိပေး ပြောကြားလိုက်သည်။ တရုတ်နိုင်ငံပိုင် ရေကြောင်းစောင့်ကြည့်ရေး သင်္ဘောသုံးစင်းသည် စင်ကာကူကျွန်းများထဲမှ တစ်ခုဖြစ်သော ကူဘူရှီးမားကျွန်း၏ မြောက်ဘက်နှင့် အနောက်မြောက်ဘက် ၄၂ ကီလိုမီတာအကွာတွင် ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက သွားလာနေသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့ဝင်အရာရှိများက ပြောကြားသည်။ အဆိုပါ သင်္ဘောများသည် ဇန်နဝါရီ ၂၈ ရက်ကတည်းက ဝင်ရောက်လာပြီး ဆက်လက်ရှိနေခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီ ၃ဝ ရက်က ဂျပန်ရေပိုင်နက်အတွင်း မိနစ် ၉ဝ ခန့် ကျူးကျော်ဝင်ရောက်ခဲ့ဖွယ်ရှိကြောင်း ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့ဝင်များက ထပ်မံ ပြောကြားခဲ့သည်။ 
(အင်န်အိပ်ခ်ျကေ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1