Sunday, February 24, 2013

အမေရိကန် အလယ်ပိုင်းတွင် ဆီးနှင်းများ ထူထပ်စွာကျဆင်းနေ

Ever November | 2/24/2013 02:52:00 PM | Best Blogger Tips

အမေရိကန် နိုင်ငံအလယ်ပိုင်းရှိ နေရာဒေသ တော်တော်များများတွင် ဖေဖော်ဝါရီ ၂၁ ရက်က ဆီးနှင်းများ အဆက်မပြတ် ကျဆင်းနေမှုများ ဖြစ်ပွားခဲ့ကြောင်း၊ အချို့နေရာများတွင် ၁၇ လက်မအထိ ဆီးနှင်းများ ကျဆင်းနေပြီး လေဆိပ်များ၊ စာသင်ကျောင်းများ၊ လွှတ်တော်ရုံးများ ပိတ်ထားရကြောင်း သိရသည်။ အမေရိကန်နိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသတို့တွင် ဖေဖော်ဝါရီ ၂၁ ရက်ညက မုန်တိုင်း တိုက်ခတ်မှုများလည်း ဖြစ်ပွားခဲ့ပြီး ကန်ဆပ်ပြည်နယ်နှင့် အီလီနွိုက်စ် ပြည်နယ်တို့တွင် ဆီးနှင်းများ၊ မိုးနှင်းများ မိုးရွာသွန်းမှု သတိပေးချက်များ ထုတ်ပြန်ထားသည်။ အဆိုပါညက ထုတ်ပြန်သော မိုးလေ၀သ သတင်းတွင် ယင်းမုန်တိုင်းသည် တစ်ညလုံး ဆက်လက်ဖြစ်ပေါ်နိုင်ပြီး ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် အမေရိကန် အလယ်ပိုင်းသို့ ရိုက်ခတ်နိုင်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ မုန်တိုင်းဖြစ်ပေါ်နေစဉ် လမ်းမကြီးများပေါ်၌ ဆီးနှင်းများ ဖုံးလွှမ်းနေမှုကြောင့် မတော်တဆမှုများ ဖြစ်ပေါ်ခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ရသည်ဟု သိရသည်။ ကန်ဆပ်ပြည်နယ်နှင့် မစ်ဆောရီ ပြည်နယ်တို့ရှိ စာသင်ကျောင်း အများအပြား ပိတ်ထားခဲ့ရပြီး ယင်းပြည်နယ်များအပါအ၀င် အာကန်ဆပ်ပြည်နယ်၊ နီဘရာ စကားပြည်နယ်နှင့် အိုင်အိုဝါပြည်နယ်တို့ရှိ အစိုးရရုံး အဆောက်အအုံများစွာကိုလည်း ပိတ်ထားခဲ့ရသည်ဟု သိရသည်။ 
(အေပီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1