Monday, March 25, 2013

AIDSကို ကုသပျောက်ကင်း နိုင်ရန် ဖြစ်နိုင်ချေ ရှိသည့် HIVကို တွေ့ရှိခဲ့သော နိုဘယ်ဆုရှင် ပြောကြား

Ever November | 3/25/2013 03:08:00 PM | Best Blogger Tips
HIVပိုးကို တွေ့ရှိခဲ့သဖြင့် နိုဘယ်ဆု ချီးမြှင့်ခံရသော သိပ္ပံပညာရှင် Francoise barre Sinoussiက AIDS ကို ကုသပျောက်ကင်း နိုင်ရန် အခွင့်အလမ်း ရှိကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။
Francoise barre Sinoussi သည်ကမ္ဘာ့သြဇာတိက္က မရှိသော မီဒီယာတစ်ခုဖြစ်သည့် တိုင်း(မ်) မဂ္ဂဇင်း သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ အသက်၆၅နှစ် ရှိပြီဖြစ်သော ပြင်သစ်လူမျိုး ဗိုင်းရပ်ဗေဒ ပညာရှင်သည် ဗိုင်းရပ်ကို တွေ့ရှိရုံဖြင့်အားမရသေးဘဲ ခုခံအား ကျဆင်းမှုကူးစက် ရောဂါကို ကုသရန်အတွက်ပါ
အားထုတ် ကြိုးပမ်းနေသော ပညာရှင် တစ်ဦးလည်း ဖြစ်သည်။ Francoise barre Sinoussi ၏ သုတေသနကို ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပြီး ARTဆေးဝါး များက ပိုးကူးစက် ခံရသူများကို အသက်ရှည် စေရန် အထောက်အကူပြု သော်လည်း ရောဂါလုံးဝ ပျောက်ကင်းစေနိုင်သော ကုထုံးများကို ဆက်လက် လေ့လာ နေရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
Francoise barre Sinoussi သည် AIDSကို ပျောက်ကင်း စေနိုင်မည့် ကုထုံးများကို မိမိတို့ ရှာဖွေနေကြောင်း၊ သူမ၏သုတေသနကို ဖင်လန်နိုင်ငံအစိုးရအပြင်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ရန်ပုံငွေ ထောက်ပံ့မှု ပြုထားကြောင်း ရှင်းပြခဲ့သည်။
သူမသည် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို Luc Montagnier နှင့် အတူ HIV ပိုးကို တွေ့ရှိခဲ့မှုကြောင့် ၂ဝဝ၈ ခုနှစ်တွင် ချီးမြှင့်ခြင်း ခံရသူ ဖြစ်သည်။

Ref:ANI
Health Updates Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1