Monday, March 25, 2013

မိတ္ထီလာမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ငါးခုတွင် ဒုက္ခသည်ဦးရေ တစ်သောင်းနီးပါး ရှိနေပြီး စားသောက်မှုထက် နေရာထိုင်ခင်း အခက်အခဲများရှိနေ

Ever November | 3/25/2013 03:12:00 PM | Best Blogger Tips
မိတ္ထီလာမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ငါးခုတွင် ဒုက္ခသည်ဦးရေ တစ်သောင်း နီးပါး ရှိနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး က ပြော ကြားခဲ့သည်။

အဆိုပါ ကယ်ဆယ်ရေး စခန်းများတွင် ရောက်ရှိနေသည့် ဒုက္ခသည် အများစုမှာ စားသောက်မှု အပိုင်း ထက် နေထိုင်မှုအပိုင်းတွင် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ကိုယ်တိုင်ကြုံ တွေ့သူများ ၏ ပြောကြားမှုအရ သိရှိရသည်။

သမုန်းကုန်း ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင်ရောက်ရှိနေသည့် ဒေါ်ယဉ်ထွေးက “ဒီကယ်ဆယ်ရေးစခန်း အနေနဲ့စားဖို့သောက်ဖို့ လိုအပ်မှုတွေသိပ်မရှိဘူး။ ဒါပေမယ့် ကျောင်းမှာ လူ အရမ်းများတဲ့အတွက် နေရထိုင်ရတာ အဆင်မပြေ ဖြစ်နေတယ်။
နောက်ထပ်ရောက်လာတဲ့ သူတွေကိုတော့ အပင်အောက်တွေလိုနေရာမျိုးတွေမှာ အဆင်ပြေသလိုပဲနေ ထိုင်နေရတယ်။ နေ့ခင်းဘက်တွေမှာ အရိပ်အာဝါသ မရှိသလို ညဘက်တွေမှာလည်း စိုးရိမ်စိတ်တွေနဲ့ လုံခြုံမှုမရှိသလို ခံစားနေရတယ်” ဟု ပြောကြားခဲ့သည်။

မိတ္ထီလာမြို့ရှိ ကယ်ဆယ်ရေးစခန်း အများစုတွင် နေထိုင်မှုအတွက် အခက်အခဲများ ရှိနေသည့်အပြင် မိသားစုကွဲကွာနေမှုများလည်း ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ ယင်းအခြေအနေနှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်က “ကယ်ဆယ်ရေး စခန်းတွေကို သွားရောက် လေ့လာတဲ့အခါမှာ အများစုရဲ့ အဓိကတောင်းဆိုတဲ့အချက်က သူတို့ရဲ့ ကွဲကွာနေကြတဲ့ မိသားစုကိုပြန်လည်တွေ့ဆုံဖို့ ပြောလာကြတယ်။ ဒါကြောင့် ဒီလို အခြေအနေတွေကို အမြန်ဆုံး အကောင်အထည် ဖော်သွားဖို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မိတ္ထီလာမြို့၊ ခရိုင်အားကစားကွင်း အတွင်းတွင်ရောက်ရှိနေသော ဒုက္ခသည်များကို အမိုးအကာအောက်သို့ရောက်ရှိစေရန်အတွက် မြို့ပေါ်ရှိစာသင်ကျောင်းများသို့ ပြောင်းရွှေ့နေရာ ချထား ပေးလျက်ရှိကြောင်း သိရသည်။

EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1